နတ်ရေကန်ဗျူဟာအနီး ကာကင်းစခန်းတခုကို AAနဲ့ ပူးပေါင်းတပ်တွေထပ်သိမ်း
နတ်ရေကန်ဗျူဟာအနီး ကာကင်းစခန်းတခုကို AAနဲ့ ပူးပေါင်းတပ်တွေထပ်သိမ်း ဇန်နဝါရီ-၁၈၊၂၀၂၆။အိမ်သွင်/People’s Spring တိုက်ပွဲတွေပြင်းထန်နေတဲ့ နတ်ရေကန်ဗျူဟာအနီး၊ ပဇီရွာနားက ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူလိုက်ပြီးစစ်သုံ့ပန်းတချို့ဖမ်းမိခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြားကနေ ဇန်နဝါရီလ ၁၇ ရက်ညနေမှာ သိမ်းယူလိုက်တာလို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ “ပဇီရွာကနေ ရှေ့ကိုတိုးလာတဲ့ကာကင်းကို ထိုးစစ်ဆင်ပြီးဖယ်ရှားတာ။ တိုက်ပွဲက ပြင်းထန်ပါတယ်။ […]