လူမှုကွန်ရက်အသုံးပြုမှုများအား ၂၄ နာရီ စောင့်ကြည်နေ

လူမှုကွန်ရက်အသုံးပြုမှုများအား ၂၄ နာရီ စောင့်ကြည်နေ
——————————

အင်တာနက်လူမှုကွန်ရက်ပေါ်မှာ သတင်းတု၊ သတင်းမှားတင်တာတွေနဲ့ မဖွယ်မရာတွေတင်တာတွေအပြင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေအပေါ် ၂၄ နာရီစောင့်ကြည့်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူကပြောပါတယ်။
ဇွန် ၁၈ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့မှာ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးရဲ့ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းချက်အပေါ် အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။
ကြယ်ပွင့်ပြမေးခွန်းအဖြစ် လူမှုကွန်ရက်အမျိုးမျိုး အသုံးပြုပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်နေသူတွေနဲ့ မမှန်သတင်း ဖြန့်ချိနေသူတွေကိုဖော်ထုတ်အရေးယူနိုင်ဖို့ ရှိမရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးက မေးမြန်းခဲ့တာပါ။
အဲဒီမေးခွန်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက အွန်းလိုင်းပေါ်မှာ သတင်းတု၊ သတင်းမှားတင်တာတွေ၊ မဖွယ်မရာတွေနဲ့ နိုင်ငံရေးအရေတိုက်ခိုက်ပြောဆိုနေမှုတွေကို ဥပ
ဒေကြောင်းအရ တားမြစ်ဆောင်ရွက်ခဲ့ပြီး ၂၄နာရီစောင့်ကြည့်စစ်ဆေးကာ အရေးယူဆောင်ရွက်နေတယ်လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။
(video တိုက်ရိုက်ကုဒ်)
လူမှုကွန်ရက်အသုံးပြုပြီး အကြမ်းဖက်ဖို့လှုံ့ဆော်နေသူတွေနဲ့ မမှန်သတင်းဖြန့်ချိနေသူတွေကို ၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀၊ ၅၂နဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)တို့နဲ့ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူရဲ့ ပြောကြားချက်အရ သိရပါတယ်
One News Myanmar