တရားနာနေတဲ့အချိန်မှာ သားလေးကဝင်ပူးပြီး ကျွန်မကို Video Call ခေါ်ပေးပါတဲ့

“တရားနာနေတဲ့အချိန်မှာ သားလေးကဝင်ပူးပြီး ကျွန်မကို Video Call ခေါ်ပေးပါတဲ့။ သားလေးပြောနေသလို သူ့ပုံစံအနေထားအတိုင်းပဲပြောတာ။ အမေ သားကိုချစ်လားတဲ့ ချစ်တာပေါ့၊ အမေ့သားကို အသည်းတွေပေါက်ကွဲမတတ်ချစ်ပါတယ်။ သူ့ကို နမ်းပါဦးတဲ့။ သားရေလိမ္မာပါ အမေနဲ့သာဓုခေါ်ရအောင်၊ သားသူငယ်ချင်းတွေကိုလည်း ခွင့်လွှတ်လိုက်ပါပြောတော့ သားလေးက အံတွေကြိတ်နေတာ။ စိတ်လျှော့ပါလို့ပြောတော့မှ မေမေ့စကားနားထောင်မယ်တဲ့။ တရားနာတာကို မေမေနဲ့အတူ ခံယူပြီး သာဓုခေါ်ရအောင်လို့ပြောတော့ သာဓုလိုက်ခေါ်ပြီးပျောက်သွားတယ်”
သားလေးတူးတူး၏မေမေနှင့် တွေ့ဆုံခြင်း