CRPH ကို မြန်မာနိုင်ငံ၏ တရားဝင်လွှတ်တော်အဖြစ် ကမ္ဘာ့လွှတ်တော်အဖွဲ့-IPU က အသိအမှတ် ပြုထားမှုအပေါ် အကြမ်းဖက် ခင်ရီ မကျေမနပ်ဖြစ်နေ 🟥ကြံ့ဖွတ်လွှတ်တော်ကို နိုင်ငံတကာလွှတ်တော်များက အသိအမှတ်ပြုရေး လုပ်မည်ဟု ခင်ရီ ကြွေးကြော်

CRPH ကို မြန်မာနိုင်ငံ၏ တရားဝင်လွှတ်တော်အဖြစ် ကမ္ဘာ့လွှတ်တော်အဖွဲ့-IPU က အသိအမှတ် ပြုထားမှုအပေါ် အကြမ်းဖက် ခင်ရီ မကျေမနပ်ဖြစ်နေ
🟥ကြံ့ဖွတ်လွှတ်တော်ကို နိုင်ငံတကာလွှတ်တော်များက အသိအမှတ်ပြုရေး လုပ်မည်ဟု ခင်ရီ ကြွေးကြော်
ရန်ကုန်၊ ဇွန် ၁၈
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH ကို မြန်မာနိုင်ငံ၏ တရားဝင်လွှတ်တော်အဖြစ် အသိ အမှတ်ပြုထားမှုအပေါ် အကြမ်းဖက် ခင်ရီက မကျေနပ်ဘဲ ကြံ့ဖွတ်လွှတ်တော်ကို နိုင်ငံတကာက အသိအမှတ်ပြုရေး ကြိုးပမ်းမည်ဖြစ်ကြောင်း အကြမ်းဖက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ခင်ရီက ထုတ်ဖော်ကြွေးကြော်သည်။
ဇွန်လ ၁၆ ရက်နေ့ နေပြည်တော်တွင်ပြုလုပ်သော အကြမ်းဖက် ကြံ့ဖွတ် ပြည် သူ့လွှတ် တော်၏ နိုင်ငံ တကာရေးရာကော်မတီအစည်းအဝေးတွင် အကြမ်းဖက် ခင်ရီက ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။
လက်ရှိ စစ်တပ်၏ ရွေးကောက်ပွဲ အတုဖြင့် ဖွဲ့စည်းထား​သော ကြံ့ဖွတ်လွှတ်တော်များကို နိုင်ငံတကာ၏ အသိအမှတ်ပြုမှု မရရှိသေးသဖြင့် နိုင်ငံတကာ အသိအမှတ်ပြုရရှိစေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ နံပါတ် ၁ အနေဖြင့် အာဆီယံလွှတ်တော်အဖွဲ့၏ အသိ အမှတ် ပြုမှု ရရှိရန် ၊ နံပါတ် ၂ အနေဖြင့် ကမ္ဘာ့လွှတ်တော်များအဖွဲ့ -IPU ၏ အသိအမှတ်ပြု ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို ကမ္ဘာသို့ ချပြနိုင်မည်ဖြစ်ကြောင်း အကြမ်းဖက် ခင်ရီက ပြောဆိုသည်။
“လတ်တလော လုပ်ရမယ့် လုပ်ငန်းတွေမှာ နံပါတ် ၁ က AIPA အိုက်ပါ။ ASEAN Inter-Parliamentary Assembly ဒါကို ပြန်လည် ဝင်ဆန့်ရေးအတွက် ဆောင်ရွက်ရပါမယ်။ နောက်တစ်ခုကတော့ Inter-Parliamentary Union-IPU ကမ္ဘာမှာ ရှိနေတဲ့ ကမ္ဘာ့လွှတ်တော်များအဖွဲ့ ဒါကို ဆောင်ရွက်ရပါမယ်။ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့တွေ စပြီး ဖွဲ့ပါ့မယ်။ ကျနော်တို့ ဒါကို စပြီး လုပ်ပါ့မယ်။ ကျနော်တို့ စလုပ်မယ်။ ဒါတွေ လုပ်ပါ့မယ်။ နောက်ဆုံးအချက်က Open လွှတ်တော်ဖြစ်အောင် လွှတ်တော်က ဘာတွေ လုပ်နေလဲ သိအောင်။ လွှတ်တော်က အိပ်မနေဘူး/ ဒါတွေ လုပ်နေတယ်။ တက်ကြွလှုပ်ရှားတဲ့ လွှတ်တော် တစ်ခု။ နိုင်ငံတော်မှာ လွှတ်တော်ဆိုတာ ဒီလိုရှိတယ်။ ကျနော်တို့ ခင်ဗျားတို့ လက်ထက်မှာ ခြေလှမ်းသစ်တွေနဲ့ စနိုင်အောင် ၀ိုင်းဝန်းကြိုးစားပေးပါ” ဟု အကြမ်းဖက် ခင်ရီက ပြောဆိုသည်။
လက်ရှိတွင် နိုင်ငံတကာလွှတ်တော်အဖွဲ့များက အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲ အတုဖြင့် ဖြစ်ပေါ်လာသော ကြံ့ဖွတ်လွှတ်တော်များကို အသိအမှတ်မပြုဘဲ ၂၀၂၀ ရွေး ကောက်ပွဲ ရလဒ်ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က မြန်မာနိုင်ငံ၏ တရားဝင် လွှတ်တော် အဖြစ် အသိအမှတ်ပြုထားသည်။
ယခုနှစ် ဧပြီလ ၁၉ ရက်နေ့ ကျင်းပခဲ့သော ၁၅၂ ကြိမ်မြောက် IPU ခေါ် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံ၌ ပို၍ တရားဝင်မှုရှိသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့်အချိန်နှင့် မြန်မာပြည်သူများ၏ ဆန္ဒများကို ၎င်းတို့၏ အဖွဲ့အစည်းများတွင် ပြည့်ပြည့်ဝဝ ကိုယ်စားပြုနိုင်သည့်အချိန်အထိ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားရန် IPU-အမှုဆောင်ကော်မတီက ဆုံးဖြတ်ထားခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်စဉ် ရှိခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများကို ဖျက်သိမ်းခဲ့ခြင်းကြောင့် အခြေအနေများ ပြောင်းလဲသွားခဲ့ရကြောင်း၊ ယင်းရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှမှုရှိသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ထိုအချိန်ကတည်းက IPU အနေဖြင့် မြန်မာပြည်သူတို့၏ ကိုယ်စားပြုကော်မတီနှင့်သာ ထိတွေ့ဆက်ဆံသွားရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ယခုနှစ်အစောပိုင်းကာလတွင် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ သို့သော် ယင်းရွေးကောက်ပွဲများကို အိမ်နီးချင်း အာဆီယံကပင် အသိအမှတ်မပြုထားပါကြောင်း IPU ၏ အထွေ ထွေအတွင်း ရေးမှူးချုပ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲဖြင့် ဖန်တီးထားသော အတု အယောင် လွှတ် တော်ပေါ်ပေါက်ပြီးချိန်တွင်ပင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မ တီ (CRPH) ကို မြန်မာပြည်သူတို့အား ကိုယ်စားပြုသည့် တရားဝင် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ဆက်လက်အသိ အမှတ်ပြုခံနေရဆဲဖြစ်ပြီး CRPH ကို နိုင်ငံတကာလွှတ်တော်အသိုက်အဝန်း၏ အသိအမှတ်ပြုမှုကို ဆက်လက်ရရှိနေခြင်းကြောင့် ပြည်သူလူထု၏ အသံများကို ကမ္ဘာ့စင်မြင့်များတွင် ထုတ်ဖော်ပြောကြားခွင့် ရနေခြင်းဖြစ်သည်ဟု CRPH က ကြေညာချက် ထုတ်ပြန်ခဲ့သည်။