မကွေးတိုင်းမှာ “နှင်းဆီနီ”စစ်ဆင်ရေးအဖြစ်
စစ်ရေးပစ်မှတ်များစွာကိုတိုက်ခိုက်ခဲ့ကြောင်း ပကဖ ထုတ်ပြန်
ဇွန်-၁၉၊ ၂၀၂၆။ရဲခေါင်/People’s Spring




မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ
ရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်
ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မကွေးတိုင်းက မင်းဘူး၊ သရက်၊ ပခုက္ကူ၊ ဂန့်ဂေါနဲ့ မကွေးခရိုင်တွေမှာစစ်တပ်စစ်ကြောင်းတွေကို ခြွေစစ်၊ ဖျောက်စစ်မှ ပြောက်ကျား
စစ်တွေနဲ့ တိုက်ခိုက်မှုတွေအများအပြားရှိခဲ့ပြီး တိုက်ပွဲဖြစ်စဉ်တချို့ကိုသာထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မကွေးတိုင်းအတွင်း တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖတွေဟာ ပြည်သူ့စစ်မဟာဗျူ
ဟာကို ကြိုးစားဖော်ဆောင်နေတယ်လို့ အ
သိပေးပါတယ်။
အဲဒီစစ်ဆင်ရေးတွေကို “Operation Su” စစ်ဆင်ရေးနဲ့ “နှင်းဆီနီ”စစ်ဆင်ရေးလို့ အ
မည်ပေးဖော်ဆောင်ခဲ့တာလို့လည်း မကွေး
တိုင်း ပကဖက အသိပေးပါတယ်။
“စစ်ရေးရည်မှန်းချက်တွေက ဆက်ရှိနေတယ်။လောလောဆယ်ရန်သူ(စစ်တပ်)ဘက်ကလည်း တိုက်ခံရတဲ့ နေရာတွေကို အင်အားဖြည့်လာတာရှိသလိုထိတွေ့မှုလည်းရှိနေတယ်”လို့ ပခုက္ကူခရိုင် တပ်ရင်းတစ်ခုက တာ၀န်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းစစ်ရေးနဲ့ တိုက်ပွဲတွေအရ ဇွန်လ ၁၀ ရက်ကစပြီး နတ်မောက်မြို့နဲ့ (၇) မိုင်၀န်းကျင်သာဝေးပြီး မကွေး – ကံပြား – နတ်မောက်လမ်းပေါ်က စစ်တပ် အခိုင်အမာစိုးမိုးမှု ရယူထားတဲ့ ပိတောက်ငုတ် ပျူစောထီးရွာကို သိမ်းပိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီသိမ်းပိုက်မှုအတွင်း စစ်တပ်ဘန်ကာတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ လက်နက်၊ ခဲ၊ ယမ်းတချို့ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကဏ္ဍကြီး လေးရပ်ဖြစ်တဲ့ ချီစစ်၊တိုက်စစ်၊ခံစစ်နဲ့ ခွာစစ်ကို ကျွမ်းကျင်စွာ ဖော်ဆောင်တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ မကွေးတိုင်း ပကဖကဆိုပါ တယ်။
ဇွန်လ ၁၅ ရက်မှာစစ်တပ်ခန့် မကွေးတိုင်းဝန်ကြီးချုပ်တင်ကိုကိုက သဘာဝပတ်ဝန်း
ကျင်ပျက်စီးလို့ NLD အစိုးရလက်ထက်ပိတ်ခဲ့တဲ့ အောင်လံမြို့နယ်တွင်းက ရွှေလုပ်ကွက်၊ ရွှေတွင်းတွေကို လာကြည့်ခဲ့ပြီး အပြန်မှာ လုံခြုံရေးယူပေးဖို့ တောင်တွင်းကြီးမြို့နယ်ကစစ်တပ်ကိုခေါ်ယူခဲ့စဉ်တောင်တွင်းကြီးမြို့နယ်ဘက်ကလာတဲ့ စစ်တပ်ကားနဲ့ အောင်
လံမြို့နယ်ဘက်က လာတဲ့ စစ်တပ်ကားတွေကို တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
တိုက်ခိုက်မှုမှာ တောင်တွင်းကြီးမြို့နယ်ဘက်က လာတဲ့ကားက အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း(စခတ – ၇)က ဗိုလ်ကြီး စောသန်းထွန်းဝင်းနဲ့ တပ်သား ၁ ဦး သေဆုံးခဲ့ပြီး အောင်လံမြို့နယ်ဘက်ကလာတဲ့ ကားကတောင်တွင်းကြီးမြို့နယ်ပင်မခဲ
ယမ်းမီးကျောက်တပ် (ပခန) တပ်မှ ဗိုလ်ကြီး ၁ဦးနဲ့ တပ်သား၂ ဦး သေဆုံးတဲ့အပြင်မကွေး
တိုင်းဝန်ကြီးချုပ်ရဲ့ လူယုံတစ်ဦးဖြစ်တဲ့ ညွှန်မှုးအဆင့်ရှိသူတစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ခိုက်မှုကနေ လက်နက်ငယ် ၃လက်နဲ့ ဆက်စပ်ကျည်တချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကိုဂုဏ်ပြုပြီး “Operation Su” စစ်ဆင်ရေးကို ပခုက္ကူ၊ ပေါက်၊ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် ပကဖတွေနဲ့ အခြားမဟာမိတ်တပ်တွေက ပထမအဆင့်အနေနဲ့ မြိုင်မြို့နယ် သရက်ကန် (ပျူ) ရွာ၊ ပေါက်မြို့နယ် ရေပြာ ရဲစခန်း၊ ကုက္ကိုစု (ပျူ) ရွာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုဇွန်လ ၁၆ ရက်မှာလည်း ဒုတိယအဆင့်အနေနဲ့ ဆိပ်ဖြူမြို့အနီး ဆော -ဆိပ်ဖြူ လမ်းပိုင်းပေါ်မှာ ပြည်သူ့စစ်မဟာဗျူဟာအရ
ပြောက်ကျားစစ်ဖော်ဆောင်ခဲ့ပြီး ဆိပ်ဖြူမြို့က ထွက်လာတဲ့ စစ်ကား ၂စီးကိုပြောက်ကျား
တိုက်ခိုက်မှုနဲ့ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အမှတ် (၂၀၃၆)လေ
ကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်ကြီး ဖြိုးသူရအောင် အပါ အ၀င် ဗိုလ်အဆင့် ၂ ဦးနဲ့ အခြားအဆင့် ၈ ဦး စုစုပေါင်း ၁၀ ဦးသေ
ဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ပါတယ်။
အလားတူ ဇွန်လ ၁၃ ရက်က ဂန့်ဂေါမြို့အနီး၊ ရှောက်ပင် (ခ) အောင်မြင်ကျေးရွာက စကမ အထိုင်စခန်း တစ်ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်တဲ့ ဖြစ်စဥ်မှာ ၆၀ မမ စိန်
ပြောင်း (BA 100) ၁ လက်နဲ့ လက်နက်ငယ် (၄) လက် သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ၁၅ရက်မှာလည်းဆောမြို့မှာစစ်ထောက်နားရပ်ပြုလုပ်ပြီး ဆောမြို့မှ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်တပ်ထိုးစစ်ကို အားပျော့သွားစေဖို့ မကွေး
တိုင်း ပကဖ ဒရုန်း လက်ရုံးတပ်က သွယ်ဝိုက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဆောမြို့မရဲစခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဆောရဲစခန်း အတွင်းနဲ့ ရဲစခန်း အနောက်ဘက်က တပ်ထောက်နားရပ်နေရာမှာကျရောက်ပေါက်
ကွဲခဲ့ပြီး ရိက္ခာ၊ ခဲ၊ ယမ်းတချို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒါကြောင့်ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ မိတ္ထီလာလေတပ်ကနေ Y 8 Military Transport Aircraft (၁) စီးနဲ့ ရိက္ခာ၊ ခဲ၊ ယမ်းများ ထပ်မံချပေးနေခဲ့ရတယ်လို့ အသိပေးပါတယ်။
လူထုကို ဦးထိပ်ထားပြီး အမျိုးသားညီညွတ်
ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ လမ်း
ညွှန်ချက်တွေနဲ့ စစ်ရေး ရည်မှန်းချက်၊ နိုင်ငံ
ရေး ရည်မှန်းချက်တွေ နဲ့ ဘုံရန်သူ စစ်တပ်ကို ဆက်လက် တိုက်ခိုက်သွားမယ်လို့လည်း မကွေး ပကဖရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
(NUG လက်အောက်ခံ တပ်ဖွဲ့တွေ နဲ့ မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့သောမကွေးတိုင်းအတွင်းစစ်ဆင်ရေးအချိုမှစစ်သုံ့ပန်းများ ၊လက်နက်ခဲယမ်းများ ၊တော်လှန်ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDFစစ်ရုံးချုပ်)