မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝင်းအနီး တိုက်ပွဲဖြစ် ၊ပစ်ခတ်သံတွေဆူညံနေ
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝင်းအနီး တိုက်ပွဲဖြစ် ၊ပစ်ခတ်သံတွေဆူညံနေ ဇန်နဝါရီ-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝင်းအနီး ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး ပစ်ခတ်သံတွေဆူညံနေတယ်လို့ မြို့ခံတွေကပြောပါတယ်။ “မနက်၇နာရီလောက်ကစပြီးပစ်ကြတာ။ တိုက် ခိုက်ခံရတဲ့အနေအထားပဲ။ လက်နက်ကြီးလက် နက်ငယ်သံတွေဆူညံနေတယ်ဗျ။ မြို့ခံတွေ သတိအနေအထားနဲ့နေကြတယ်”လို့ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။ မြစ်ကြီးနားမြို့၊ မော်ဖောင်းရပ်ကွက်၊ နမ့်ပေါင်ရွာမှာရှိတဲ့လေတပ်ဝင်းဟာ ဒီဇင်ဘာလ၂၅ရက်နဲ့ […]