
မန္တလေးမြို့သစ်မှာ စစ်တပ်ခန့်ဝန်ကြီးချုပ်အမိန့်နဲ့ လမ်းဘေးဆိုင်တွေကိုရဲနဲ့စည်ပင်ကဖယ်ရှားနေ
မန္တလေးမြို့သစ်မှာ စစ်တပ်ခန့်ဝန်ကြီးချုပ်အမိန့်နဲ့ လမ်းဘေးဆိုင်တွေကိုရဲနဲ့စည်ပင်ကဖယ်ရှားနေ သြဂုတ်-၂၉၊၂၀၂၅။မေရီ/People’s Spring စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက မြို့သစ်ပိုင်းလမ်းတွေပေါ်မှာလမ်းဘေးဆိုင်တွေကိုစစ်ကောင်စီတပ်လက်အောက်ခံ ရဲနဲ့ စည်ပင်ဝန်ထမ်းတွေက အင်အားအများအပြားနဲ့ လိုက်လံဖယ်ရှားနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောတယ်။ “ဆိုင်ရှေ့ခင်းထားတာတွေလည်း […]