မလှိုင်ကိုစစ်ကြောင်းထိုးလာတဲ့ရဲစစ်ကြောင်းကို PDF နဲ့ ပကဖ တိုက်ခိုက်၊၂ဦးသေပြီးစစ် သုံ့ပန့် ၁၀ဦးနဲ့ လက်နက်မျိုးစုံ ၂၀ သိမ်းရ
ဇူလိုင် ၃၊ ၂၀၂၆။ People’s Spring




မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာသို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံPDF နဲ့ ပကဖတို့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၂ဦးသေဆုံးပြီး ၁၀ဦး လက်
နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကဒီသတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၂ရက်မနက်မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ရင်း (၈) တပ်ခွဲ (၁) ဒုတိယ ရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီး အင်
အား(၁၁၀)ပါစစ်ကြောင်းကို PDF မန္တလေး
တိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ မြင်းခြံခရိုင်စစ်ဌာနတပ်ရင်းများ၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် (ပကဖ) ၊ နွားထိုးကြီး မြို့နယ်(ပကဖ )၊ မလှိုင်မြို့နယ် (ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့)တို့ ကပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲ ၃နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂စီးနဲ့ ပစ်ကူပေးခဲ့ကြောင်း အသိပေးပါတယ်။
“ရန်သူ့ဘက်မှ Mi-35 တိုက်ခိုက်ရေးရဟတ်
ယာဉ်(၂)စီးဖြင့် အနီးကပ်ပစ်ကူပေးခဲ့သော်
လည်း မိမိတို့ ရဲဘော်များ၏ ရဲရင့်ပြတ်သားစွာ တိုက်ခိုက်မှူကြောင့် ရန်သူ့တပ်သား ၂ ဦး မျက်မြင်သေဆုံးပြီး စစ်သုံံ့ပန်းအဖြစ် (၁၀) ဦး လက်နက်ချအညံ့ခံခဲ့သည်” လို့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း ရန်သူ့ထံမှ လက်နက်နဲ့ စိန်
ပြောင်း စုစုပေါင်း အလက် ၂၀ လက်၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ၊ ခဲယမ်းတွေသိမ်းပိုက်ရရှိခဲ့ကြောင်းမှတ်တမ်းပုံတွေနဲ့အတူ ဖော်ပြပါတယ်။
ညပိုင်းမှာတော့ စစ်တပ်ရဲ့ ညောင်ဦးလေတပ်က တက်လာတဲ့ Gyrocopter(၂)စီးကနွားထိုးကြီးမြို့နယ်၊ အိုးပုံတောရွာကို ဗုံးသီး ၄ လုံး (၂)ကြိမ် ကြဲချခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီလို တိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်သေဆုံးမှုရှိခဲ့ပြီး စိစစ်ဆဲဖြစ်ဟု အသိပေးပါတယ်။
ဒါ့အပြင် ည ၇နာရီခန့်မှာ စစ်တပ်ဟာ တိုက်
လေယာဉ်နဲ့ အိုးပုံတောရွာအနောက်ဘက်သို့ (၂) ကြိမ် ဗုံးကြဲခဲ့သလို ည ၁၀နာရီကျော်မှာလည်း တိုက်လေယာဉ် ၂စီးနဲ့ အိုးပုံတောရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူည ၁၀နာရီခွဲမှာလည်းတိုက်လေ
ယာဉ်တစီးက တောင်သာမြို့နယ် လှည်းကူးမရွာသို့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းထိခိုက်မှု ရှိ၊မရှိ အခြေအနေတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း စစ်
မျက်နှာများစွာမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှု ရင်ဆိုင်နေရပြီး အချို့နေရာတွေမှာ ဖွဲ့စည်းပုံပျက်တဲ့အထိ အထိနာပြီး စစ်ကြောင်းတွေပျက် တပ်လန်တာတွေမကြာ
ခဏ ကြုံနေပါတယ်။
( သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေ ၊ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်းတွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ။ဓါတ်ပုံ-PDFစစ်ရုံးချုပ် )