သာပေါင်းတိုက်ပွဲမှာ စစ်တပ် အထိနာနေ
သာပေါင်းတိုက်ပွဲမှာ စစ်တပ် အထိနာနေ နိုဝင်ဘာ-၁၇၊၂၀၂၅။မိထက်/People’s Spring ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ် နဲ့ လေးမျက်နှာမြို့နယ်မှာစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဆက် လက်ပြင်းထန်နေပြီး နိုဝင်ဘာလ၁၆ရက်တိုက်ပွဲမှာလည်း စစ်တပ်ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောတယ်။ နိုဝင်ဘာလ၁၆ရက်နေ့ မနက်ပိုင်းက သာပေါင်းမြို့နယ်၊သာပေါင်းကလေးရွာ နဲ့ ပတ်ဝန်းကျင်က တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးဒဏ်ရာရသူတွေများခဲ့တာဖြစ်ပါတယ်။ “သတင်းထွက်မှာစိုးလို့လူမှုရေးအဖွဲ့တွေကိုမခေါ်ဘူး။သူတို့ဘာသာသူတို့သယ်သွားတာ။ဒဏ်ရာရတဲ့သူတွေကို ပုသိမ်ကိုပို့မယ်ထင်တယ်”လို့ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။ တိုက်ပွဲတွေမှာအသက်ပေးနေရပြီး စိတ်ပျက်စရာကောင်းတယ်လို့ စစ်တပ်အသိုင်းအဝိုင်းက […]