ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်း ၃ ကြောင်းခွဲဝင်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်း ၃ ကြောင်းခွဲဝင်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)
နိုဝင်ဘာ ၁၇၊ ၂၀၂၅

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ သေနတ်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ အမှတ် ၁၄၊ အမှတ် ၁၉နဲ့ ခမရ ၁၀၉ တပ်ရင်း ၃ရင်း ပူးပေါင်းအင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းနဲ့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ကျောက်ကာကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၀ ယောက်သေဆုံးကာ အလောင်းတွေကို တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာပဲထားခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ ထမ်းစင်နဲ့ သယ်ယူကာ ပင်တောင်ရွာသို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပေါက်ပကဖ)နဲ့ MGY PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၅ ရက်က တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက်စစ်သားတွေဟာ အင်အား ၁၃၀ ခန့်နဲ့ ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ရွာကနေ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ ယောချောင်းတစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲမှာလည်း အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်သားတွေထံက MA 1 – ၂လက်၊ MA 2 -၁လက်၊ MA 3 -၁လက်၊ ကာဗိုင်သေနတ်-၁လက်၊ MA ဘောက်ဝိုင်း -၃ ခု၊ MAဘောက် ၁၉ ခု၊ ကျည်အမျိုးမျိုး ၁၅၀၀ ခန့် ၊ 60mm ၅ဖူး၊ RPG ၇ ဖူး၊ အီနာဂါ ၁၀ ဖူး၊ တိုက်မိုင်း ၆လုံး၊ နင်းမိုင်း ၅လုံး၊ စလစ်မိုင်း ၅ လုံး၊ လက်ပစ် ၆ လုံး၊ ဆက်သွယ်ရေး စက်အကြီး ၁လုံး (စကားပြောစက် ၂ခု)၊ ကွန်ပျူတာ ၁လုံး၊ Biuetooth Box တစ်လုံး၊ ရေချိုင့် ၂ လုံး၊ ဓား ၃ လက်၊ ဖုန်း ၂ လုံး၊ စစ်သုံး ပိုးအိတ် ၁၃ လုံး၊ ခေါက်ဆိုလာ ၂ ခု၊ မီးကြိုးခွေ ၃ ခု၊ Power Bank ၁လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပေါက်ပကဖ)၊ ပေါက်-ဆိပ်ဖြူတပ်ရင်း စုဖွဲ့မှုနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Video-Pauk Newsletter page