စစ်တပ် လက်အောက်ခံ BGF ကြီးစိုးနေတဲ့ ကမ္ဘာကျော် ရွှေကုက္ကိုလ် ကျားဖြန့်ဒုစရိုက် မြို့သစ်နှင့် အခြားမြို့သစ်များအကြောင်းမပြောဘဲ KK Park နေရာတစ်ခုတည်းကို ကျားဖြန့် နှိမ်နင်းရေးအတွက် အပြီးပြတ်ရှင်းလင်းမယ်လို့ မင်းအောင်လှိုင်ကြွေးကြော်

စစ်တပ် လက်အောက်ခံ BGF ကြီးစိုးနေတဲ့ ကမ္ဘာကျော် ရွှေကုက္ကိုလ် ကျားဖြန့်ဒုစရိုက် မြို့သစ်နှင့် အခြားမြို့သစ်များအကြောင်းမပြောဘဲ KK Park နေရာတစ်ခုတည်းကို ကျားဖြန့် နှိမ်နင်းရေးအတွက် အပြီးပြတ်ရှင်းလင်းမယ်လို့ မင်းအောင်လှိုင်ကြွေးကြော်
ရန်ကုန်၊ နိဝင်ဘာ ၁၆
စစ်တပ် လက်အောက်ခံ BGF ကြီးစိုးနေတဲ့ ကမ္ဘာကျော် ရွှေကုက္ကိုလ် ကျားဖြန့်ဒုုစရိုက် မြို့သစ်နှင့် အခြားမြို့သစ်များကို မထည့်သွင်းဘဲ KK Park နေရာကို ကျားဖြန့် နှိမ်နင်းရေးအတွက် အပြီးပြတ်ရှင်းလင်းမယ်လို့ မင်းအောင်လှိုင်က မနေ့က ဘားအံခရီးစဉ်မှာ ကြွေးကြော်သွားပါတယ်။
အွန်လိုင်းငွေလိမ်လည်ရေး လုပ်ငန်းတွေ တည်ရှိရာ အစိတ်အပိုင်းတွေ ထဲက တစ်ခုဖြစ်တဲ့ KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က သူရဲ့ ဖားအံ ခရီးစဉ်မှာပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ် က KK Park နေရာကို စစ်တပ်က ရှင်းလင်းနေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အပြီးပြတ်ရှင်းလင်းသွားမယ်လို့ စစ်အုပ်စု ခေါင်းဆောင်မင်း အောင်လှိုင် က ဘားအံက ဌာနဆိုင်ရာတွေ၊ ရပ်မိရပ်ဖ တွေနဲ့ တွေ့ဆဆုံချိန်မှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စု ခေါင်းဆောင်က KK Park ကိစ္စ နဲ့ ပတ်သက်ပြီး အခုလိုပြောသော်လည်း ကျားဖြန့် လုပ်ငန်း တွေရဲ့ အဓိက အစိတ်အပိုင်းကြီးဖြစ်တဲ့ ရွှေကုက္ကိုမြို့သစ် နဲ့ပတ်သက်ပြီး ပြောကြားခဲ့တာမရှိပါဘူး။
KK Park ကျားဖြန့် လုပ်ငန်းကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ စစ်အုပ်စု လက်အောက်ခံ နယ်ခြားစောင့် တပ် BGF တို့ ပူးတွဲ စီမံနေတာလို့ သိရပါတယ်။
ရွှေကုက္ကို မြို့သစ်က ကျားဖြန့်လုပ်ငန်းတွေကို စစ်အုပ်စု လက်အောက်ခံ နယ်ခြားစောင့် တပ် BGF ခေါင်းဆောင် စောချစ်သူနဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေက ပိုင်ဆိုင်ပါတယ်။
ကရင်နယ်ခြားစောင့် တပ် BGF ခေါင်းဆောင် စောချစ်သူရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း စီးပွားဖက် ရွှေကုက္ကို ရထိုက် မြို့သစ်တည်ထောင်သူ ရှီကျီကျန်းကို ထိုင်းက တရုတ်အစိုးရ ထံ နိုဝင်ဘာလ ၁၂ ရက်နေ့ မှာလွဲ ပြောင်းပေးခဲ့ပါတယ်။
ဒီကိစ္စတွေ နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်က ပြောကြားခဲ့တာတော့ မရှိပဲ KK Park ကိစ္စတစ်ခုတည်းသာ ပြောဆိုသွားတာကို မြန်မာ အသံရဲ့ သတင်းထုတ်လွင့် ချက်တွေ အရသိရပါတယ်။
မြ၀တီမြို့နယ်မှာ အွန်လိုင်းကျားဖြန့်များ အခြေစိုက်တဲ့ ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ် စတဲ့ စီမံကိန်းတွေကို မြန်မာ စစ်တပ်လက်အောက်ခံ BGF က ဦးဆောင်ပြီး တရုတ် ရာဇဝတ်ဂိုဏ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။
မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူအဖွဲ့ Justice For Myanmar ထုတ်ပြန်ထားချက်တွေ အရ မြန်မာစစ်တပ်လက်အောက်ခံ ဗိုလ်မှူးကြီးစောချစ်သူ မိသားစုနဲ့ BGF/KNA တပ်ဖွဲ့ဝင်အချို့ဟာ ကျားဖြန့်လုပ်နေတဲ့ ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီ ၈ ခုထက်မနည်းမှာ ရှယ်ယာပါနေတယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူဟာ BGF ပိုင် တရားဝင်စီးပွားရေးလုပ်ငန်းတွေရော တရားမဝင် စီးပွားရေးလုပ်ငန်းတွေကပါ ဘီလျံချီတဲ့ ဝင်ငွေတွေရနေတဲ့အကြောင်း Justice For Myanmar က ရော အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP)ကပါ ထုတ်ဖော်ထားပါတယ်။
အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ကရင်ပြည်နယ်၊ မြဝတီမြို့ နဲ့ ရွှေကုက္ကိုက အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေအကြောင်း မနှစ်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့လက်အောက်က ဗိုလ်မုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့ကို အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းတွေမှာ အဓိကပါဝင်သူတွေအဖြစ် ဖော်ပြထားပါတယ်။
ကျားဖြန့် ကိစ္စကြောင့် BGF ခေါင်းဆောင် စောချစ်သူ ကို ထိုင်း တရားရုံး ကလည်းတရားစွဲဆိုမှုတွေရှိခဲ့ပြီး အမေရိကန် ၊ဗြိတိန် နဲ့ ဥရောပသမဂ္ဂတို့က ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်ဆောင်ထားပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေ မှာပါဝင်ပတ်သက်နေတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ စောစတီး၊ စောဆန်းအောင်၊ စောစိန်ဝင်းနဲ့ စိုင်းကျော်လှ တို့ကို အမေရိကန်အစိုးရက နိုဝင်ဘာလ ၁၂ ရက်နေ့ကပဲ ပိတ်ဆို့အရေးယူလိုက်ပါတယ်။
(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။ )