စစ်တပ်အလိုအရှိဆုံး စာရင်းဝင် NUG စစ်ရေးခေါင်းဆောင်ပျောက်ဆုံးနေပြီး ဖမ်းခံထားရဟု သံသယရှိနေ
NUG ၏ စစ်ရေးလှုပ်ရှားမှုများတွင် အရေးပါသည့် ပြည်ထဲရေးအတွင်းဝန်ပျောက်ဆုံးနေပြီး သူ့အားစစ်တပ်ကဖမ်းမိထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက သံသယရှိနေကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ စစ်ရေးလှုပ်ရှားမှုများတွင် အရေးပါသည့် ပြည်ထဲရေးနှင့် လ.ဝ.က အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းပျောက်ဆုံးနေပြီး သူ့အားစစ်တပ်ကဖမ်းမိထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက သံသယရှိနေကြသည်။ ဦးကွန်မင်းသည် လူမြင်ကွင်းရှေ့ထွက်လေ့မရှိဘဲ လူသိနည်းသော်လည်း မြေပြင်စစ်ရေး လှုပ်ရှားမှုများတွင် […]