ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်အစပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၉ ဦး သေ ဆုံးပြီး ၂ ဦးကို လက်နက်ခဲယမ်းများနှင့်တူ ဖမ်းဆီးရရှိ

ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်အစပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၉ ဦး သေ ဆုံးပြီး ၂ ဦးကို လက်နက်ခဲယမ်းများနှင့်တူ ဖမ်းဆီးရရှိ
ရန်ကုန် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အစပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ဗိုလ်တစ် ဦးအပါအဝင် စစ်သား ၉ ဦးသေဆုံးပြီး ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း တော် လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၆ ရက်နေ့က ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်အစပ်ရှိကျေးရွာများကို အကြမ်းဖက် စစ်တပ်နှင့် PNO ပြည်သူ့စစ်များပါဝင်သော ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် လာသောကြောင့် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၉ ဦး သေဆုံးပြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ငါးကြင်း မြီးစက်သေနတ် ၁ လက်၊ RPG ၁ လက်တို့အပါအဝင် လက်နက်ခဲယမ်း အများအ ပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲမှာလည်း ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ အ ထိနာလျက်ရှိကြောင်း သိရသည်။
“တိုက်ပွဲက အခုထိပြင်းထန်နေတုန်းပဲ၊ လက်နက်ခဲယမ်းတွေလည်း ခဏခဏသိမ်းဆည်းရရှိတာ ရှိတယ်။ အတင်းအဓမ္မစုဆောင်းလာတဲ့ စစ်မှုထမ်းတွေကို အသုံးပြုနေတာ” ဟု တော်လှန်ရေး သ တင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အင်လေးတောင်ဘက်ခြမ်းမှ အင်သား၊ ရှမ်းနှင့် ပအိုဝ် လူငယ်များကို စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းလာသူများကို အသုံးပြုလျက်ရှိပြီး ရှေ့တန်းမှ အသေခံတိုက်ခိုင်းလျက်ရှိကြောင်း၊ ကြောက်လန့်၍ ခိုင်းသည့်အတိုင်းမလုပ်ပါက ရိုက်နှက်နှိပ်စက် လျက်ရှိကြောင်း သိရသည်။