Finance
မှော်ဘီမြို့က ကြံ့ဖွံ့ပါတီရုံးကို မြို့ပြအဖွဲ့ တိုက်ခိုက်
မှော်ဘီမြို့က ကြံ့ဖွံ့ပါတီရုံးကို မြို့ပြအဖွဲ့ တိုက်ခိုက် နိုဝင်ဘာ-၁၇၊၂၀၂၅။သတိုး/People’s Spring ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်က စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဝင်ပြိုင်နေတဲ့ ကြံ့ဖွံ့ပါတီရုံးကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိတယ်လို့ မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ “သူတို့ကင်းတဲမှာ စားသောက်နေချိန်လုပ်ခဲ့တာပါ။စခ(စစ်ကောင်စီတပ်သား) ၂၊ ပြည်သူ့စစ် ၂ထိခိုက်တယ်လို့ မြေပြင်သတင်းရပါတယ်”လို့ ပြောပါတယ်။ […]