တပ်မ(၂၂)ကစစ်သား ၂ဦး ကယ်ကြပါ အော်ပြီး ကော်ဘရာစစ်ကြောင်းထံအလင်းဝင် ■ဗိုလ်မှူးသူရစောဒါဘောကကျပ်သိန်း၃၀စီချီးမြှင့်
တပ်မ(၂၂)ကစစ်သား ၂ဦး ကယ်ကြပါ အော်ပြီး ကော်ဘရာစစ်ကြောင်းထံအလင်းဝင် ■ဗိုလ်မှူးသူရစောဒါဘောကကျပ်သိန်း၃၀စီချီးမြှင့် နိုဝင်ဘာ-၉၊၂၀၂၅။ဒီးဒီ/People’s Spring ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသမှာစစ် ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့တပ်မ(၂၂)စစ် ကြောင်းက တပ်သားနှစ်ဦး ကယ်ပေးရန်အော်ပြီး ကော်ဘရာစစ်ကြောင်းထံအလင်းဝင်လာခဲ့ပါတယ်။ တပ်မ(၂၂)ရဲ့စစ်ကြောင်းက တပ်သားနှစ်ဦးဟာ လက်နက်တွေယူလာပြီး ကင်းကျနေချိန်ထွက်ပြေးလာတာလို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။ “သူတို့နှစ်ယောက်က ကင်းကျပြီးတော့ ထွက်ပြေးလာတာ။ဘယ်လိုမှမနေနိုင်လို့ကြောက်ပြီး။ […]