သံတွဲမြိုနယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး၊ စစ်တပ်ဦးစီးချုပ် အသစ် ရဲဝင်းဦးလက်ထက် ပထမဆုံးကျူးလွန်သော စစ်ရာဇဝတ်မှုဖြစ်ဟု AA ပြော

စစ်တွေတွင် AA ၏ ထိုးစစ်ကြောင့် စစ်ကော်မရှင်အရာရှိများ ထွက်ပြေးရန်အတွက် ရဟတ်ယာဉ်များ ထပ်မံဖြည့်တင်းထား၊ တိုင်းမှူးကိုယ်တိုင် ခံစစ်ပြင်ပြီးကွပ်ကဲနေရ
‎ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်မှုများမှာ မြို့ပေါ်အထိ နီးကပ်လာ နေခြင်းကြောင့် စစ်တွေမြို့ရှိ စစ်ကော်မရှင်အရာရှိကြီးများ အရေးပေါ်ထွက်ပြေးနိုင်ရန်အတွက် ရဟတ် ယာဉ်များ ထပ်မံဖြည့်တင်းကာ အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
တည်းဖြတ်/ထုတ်လုပ်-‎ဧရာဝတီတိုင်းမ်

သံတွဲမြိုနယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး၊ စစ်တပ်ဦးစီးချုပ် အသစ် ရဲဝင်းဦးလက်ထက် ပထမဆုံးကျူးလွန်သော စစ်ရာဇဝတ်မှုဖြစ်ဟု AA ပြော
ရန်ကုန်၊ ဧပြီ ၂

ရခိုင်ပြည်၊ သံတွဲမြိုနယ်ကို စစ်တပ်က တိုကလေယာဉ် ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်နှင့် ၇ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးပါသည့် မိသားစုတစ်စုလုံး သေဆုံးသွားကြောင်း AA က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ ၁ ရက်နေ့၊ နံနက် ၁၁ နာရီ ၁၁ မိနစ်အချိန်မှ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် အထိ စစ်တပ်က သံတွဲမြို့နယ်အား ဂျက်ဖိုက်တာ ၄ စီးဖြင့် လေကြောင်းမှ ပြင်း ပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်သင်္ဘော ၁စီးကလည်း လက်နက်ကြီးအချို့ကိုပါ တစ်ချိန်တည်း ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက် ခိုက်မှုသည် သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၅၅ စခန်းဟောင်း အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုနေရာအနီးအနားတွင် စစ်ရှောင်နေကြသည့် အသက် ၂ နှစ်နှင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးပါသော အပြစ်မဲ့အရပ်သား မိသားစုတစ်စုလုံးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း၊ ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များဖြစ်သည့် အသက် ၄၇ နှစ် ဒေါ်မအေးမ၊ အသက် ၂၆ နှစ် ဒေါ်မအောင်သန်း၊ အသက် ၇ နှစ်အရွယ် မပြည့်ဖြိုးနွယ်၊ အသက် ၂ နှစ်အရွယ် မအေးငြိမ်းလှိုင်တို့ စုစုပေါင်း ၄ ဦးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
သံတွဲမြို့ကို လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုမှာ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်တွင် မိသားစုလိုက် သေဆုံးသည့် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခြင်းကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း AA က ပြောဆိုသည်။
ယခုရက်များအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသော ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိရှိကြပါရန် AA က အလေးအနက် အသိပေးထားသည်။