ရန်ကုန်နှင့် မန္တလေးတွင် စက်သုံးဆီများ ပြန်ပြတ်လပ်နေပြီး ဆီဆိုင်များ၌ ပြည်သူများ ပြန်လည်တန်းစီဝယ်ယူနေရ၊ ဆီဈေးကျသော်လည်း ဆီခွဲတမ်းအလုံ အလောက် မရရှိတော့ဟု ဆီဆိုင်များပြော ရန်ကုန်၊ ဇူလိုင် ၁၀ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ စက်သုံးဆီဝယ်ယူရန် ပြည်သူများ ပြန်လည်တန်းစီနေရပြီး ဆီဈေးနှုန်းများ လျှော့ချထားသော်လည်း ဆီခွဲတမ်း အလုံအလောက် မရရှိသဖြင့် အရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။ မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်အများအပြားတွင် “ဆီပြတ်” ဟုဆိုကာ အရောင်းရပ်နားထားသည့် ဆိုင်များရှိနေပြီး လမ်းဘေးမှောင်ခိုရောင်းချသူများထံတွင်မူ စက်သုံးဆီများ ပုံမှန်ရရှိနေကာ ဈေးနှုန်းများလည်း တရားဝင်ရည်ညွှန်းဈေးထက် နှစ်ဆကျော် မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် 92 ဓာတ်ဆီကို တရားဝင်ရည်ညွှန်းဈေး တစ်လီတာ ကျပ် ၃,၅၀၀ ဝန်းကျင်ဖြင့် ရောင်းချနေသော်လည်း ပြင်ပမှောင်ခိုဈေးကွက်၌ တစ်လီတာ ကျပ် ၈,၀၀၀ ခန့်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ “ဒီနေ့ ဆီလိုက်ထည့်တာ ဆိုင် ၇ ဆိုင်လောက် ရှိတယ်။ တစ်ဆိုင်မှာမှ မရခဲ့ဘူး။ ဆိုင်ကြီးတွေက ‘ဆီပြတ်တယ်’ ဆိုပြီး ပိတ်ထားကြပေမယ့် လမ်းဘေးသုံးဘီးတွေနဲ့ ရောင်းတဲ့ မှောင်ခိုဆီတွေကတော့ မပြတ်ဘူး။ အခုဆို 92 တစ်လီတာ ၈,၀၀၀ ကျပ်အထိ ရောင်းနေတယ်။ ပြည်သူတွေ သွားလာရေး အတော်လေး ခက်ခဲနေပါတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။ ၎င်းက စုံနံပါတ်၊ မနံပါတ်စနစ်ဖြင့် ဆီရောင်းချနေခြင်းကြောင့် စုံရက်တွင်သာ ဆီရရှိပြီး မရက်များတွင် ဆီပြတ်လပ်လေ့ရှိသလို ဆီဆိုင်များက နံနက် ၉ နာရီခွဲခန့်တွင်ပင် 92 နှင့် 95 ဓာတ်ဆီများ ကုန်သွားကြောင်း ကြေညာလေ့ရှိပြီးနောက် ပြင်ပမှောင်ခိုဈေးကွက်တွင် ဆီများ ဆက်လက်ရောင်းချနေကြောင်းလည်း ဆိုသည်။ ရန်ကုန်မြို့တွင်လည်း ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ စက်သုံးဆီဝယ်ယူရန် ဆီဆိုင်များရှေ့တွင် ကားတန်းများ ပြန်လည်ပေါ်ပေါက်လာကြောင်း သိရသည်။ “မနေ့မနက်ကတည်းက ဆီဝယ်ရခက်လာတာ။ ဆိုင်တိုင်းလိုလိုမှာ တန်းစီနေရတယ်။ အရင်တုန်းကလို ကားတန်းအရှည်ကြီးတော့ မဟုတ်သေးပေမယ့် ဒီနေ့မနက်ဆို ပိုဆိုးလာတယ်။ ကားတန်းတွေ ပိုရှည်လာတယ်။ ဆီဈေးကတော့ ကျလာတယ်” ဟု ရန်ကုန်မြို့ရှိ Taxi ယာဉ်မောင်းတစ်ဦးက ပြောသည်။ ဇူလိုင်လ ၁၀ ရက်နေ့ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအရ 92 ဓာတ်ဆီ တစ်လီတာလျှင် ၁၁၀ ကျပ်၊ 95 ဓာတ်ဆီ ၁၀၀ ကျပ် လျှော့ချခဲ့ပြီး ပရီမီယံဒီဇယ်ကို ၁၀ ကျပ် လျှော့ချထားသော်လည်း ရိုးရိုးဒီဇယ်ကို ၅ ကျပ် တိုးမြှင့်ထားကြောင်း သိရသည်။ စက်သုံးဆီလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ လက်ရှိတွင် တရားဝင်ဈေးနှုန်း များ ကျဆင်းနေသော်လည်း ပြည်ပမှ တင်သွင်းသည့် ဆီခွဲတမ်း လျော့နည်းလာခြင်းကြောင့် ဆီဆိုင်များသို့ ဖြန့်ဝေပေးနိုင်သည့် ပမာဏ မလုံလောက်ဘဲ ဝယ်လိုအားနှင့် မမျှတသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန် ရည်ရွယ်၍ စက်သုံးဆီနှင့် စားအုန်းဆီတင်သွင်းမှုများကို လျှော့ချနေပြီး လျှပ်စစ်ကား (EV) များကို ပိုမိုအသုံးပြုရေး မူဝါဒများကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ဓာတ်ပုံ- မန္တလေးတွင် ဆီများ တန်းစီဝယ်ယူခဲ့ရစဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

July 10, 2026 admin 0

ရန်ကုန်နှင့် မန္တလေးတွင် စက်သုံးဆီများ ပြန်ပြတ်လပ်နေပြီး ဆီဆိုင်များ၌ ပြည်သူများ ပြန်လည်တန်းစီဝယ်ယူနေရ၊ ဆီဈေးကျသော်လည်း ဆီခွဲတမ်းအလုံ အလောက် မရရှိတော့ဟု ဆီဆိုင်များပြော ရန်ကုန်၊ ဇူလိုင် ၁၀ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ စက်သုံးဆီဝယ်ယူရန် ပြည်သူများ ပြန်လည်တန်းစီနေရပြီး ဆီဈေးနှုန်းများ […]

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆက်လက်ကြိုးပမ်းမယ်လို့ ပြင်သစ်သမ္မတ ပြော

July 10, 2026 admin 0

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆက်လက်ကြိုးပမ်းမယ်လို့ ပြင်သစ်သမ္မတ ပြော ~~~ စစ်တပ်က ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဥရောပ၊ ဒေသတွင်းအပြင် နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ […]

စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်းပြတ်ရွေ့ကြော ၅၀၀ ကီလိုမီတာအထိ ကွဲထွက်စေခဲ့ပြီး အလွန်ရှားပါးသော အသံထက်မြန်သည့်အရှိန်ဖြင့် ပြတ်ရွေ့ ရွေ့လျားမှု လက္ခဏာများ တွေ့ရှိရ၊ ပြင်းအား ၇ နှင့်အထက် ငလျင်ကြီးများ နှစ် ၁၀၀ ကျော်အတွင်း ပြန်လာနိုင်

July 9, 2026 admin 0

စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်းပြတ်ရွေ့ကြော ၅၀၀ ကီလိုမီတာအထိ ကွဲထွက်စေခဲ့ပြီး အလွန်ရှားပါးသော အသံထက်မြန်သည့်အရှိန်ဖြင့် ပြတ်ရွေ့ ရွေ့လျားမှု လက္ခဏာများ တွေ့ရှိရ၊ ပြင်းအား ၇ နှင့်အထက် ငလျင်ကြီးများ နှစ် ၁၀၀ ကျော်အတွင်း ပြန်လာနိုင် ရန်ကုန်၊ ဇူလိုင် ၉ ၂၀၂၅ ခုနှစ် မတ်လ […]

ရန်ကုန်မြစ်နဲ့ ဘားအံမြို့မှာ ရေကြီးနိုင်လို့ မြစ်ကမ်းဘေးနေသူတွေ ကြိုပြင်ဆင်ဖို့သတိပေး

July 9, 2026 admin 0

ရန်ကုန်မြို့၊ ရန်ကုန်မြစ်ထဲမှာ သာမန်ထက်ထူးကဲတဲ့ ဒီရေမြင့်လာနိုင်လို့ မြစ်ကမ်းဘေးနားကနေအိမ်တွေ ရေဝင်နိုင်တာကြောင့် ကြိုပြင်ဆင်ဖို့ဆိုပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဒီနေ့ သတိပေးချက်ထုတ်ပြန်ပါတယ်။ ထူးကဲ ဒီရေဟာ ဇူလိုင် ၁၄ ရက်နေ ၁၈ ရက်အတွင်းမှာတက်လာနိုင်တာလို့ အခုလိုသတိပေးချက်ကြိုထုတ်တာလို့ ဆိုပါတယ်။ အဲဒီရက်ပိုင်းအတွင်း ဒီရေမြင့်တက်လာတဲ့အခါ ရန်ကုန်မြစ်ရဲ့ဒီရေအမြင့်စံ သတ်မှတ်ချက်ထက် ပေ ၂၀ […]

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံခွင့်ရရှိရေး ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ပြီး နိုင်ငံတကာနှင့်အတူ ဆက်လက် ကြိုးပမ်းမည်ဟု ပြင်သစ်သမ္မတက အာမခံကတိပြု

July 9, 2026 admin 0

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံခွင့်ရရှိရေး ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ပြီး နိုင်ငံတကာနှင့်အတူ ဆက်လက် ကြိုးပမ်းမည်ဟု ပြင်သစ်သမ္မတက အာမခံကတိပြု ရန်ကုန်၊ ဇူလိုင် ၉ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ရရှိရေးအတွက် ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ပြီး ဥရောပ၊ ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက်အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း […]

မင်းအောင်လှိုင်ကို ဖမ်းဆီးရေးနဲ့ ပြည်သူတွေကို R2P နဲ့ ကာကွယ်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ တိုက်တွန်း

July 9, 2026 admin 0

မင်းအောင်လှိုင်ကို ဖမ်းဆီးရေးနဲ့ ပြည်သူတွေကို R2P နဲ့ ကာကွယ်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ တိုက်တွန်း CJ Platform ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြည်သူတွေအပေါ် ကြီးလေးသော ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ကို ဖမ်းဆီးရန် […]

မြန်မာနိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း Non-CDM ဝန်ထမ်းများ၏ စစ်မှုထမ်းအကျုံး ဝင်စာရင်း ကောက်ယူနေပြီး စစ်မှုထမ်းဆောင်ပါက ရာထူးတိုးရေး အခွင့်အလမ်းရှိမည်ဟု မက်လုံးပေး

July 9, 2026 admin 0

မြန်မာနိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း Non-CDM ဝန်ထမ်းများ၏ စစ်မှုထမ်းအကျုံး ဝင်စာရင်း ကောက်ယူနေပြီး စစ်မှုထမ်းဆောင်ပါက ရာထူးတိုးရေး အခွင့်အလမ်းရှိမည်ဟု မက်လုံးပေး ရန်ကုန်၊ ဇူလိုင် ၉ မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း Non-CDM […]

◼️‌ရခိုင်သို့စစ်ကူပို့ခံရသဖြင့် တပ်ဖွဲ့လိုက်လက်နက်ချခဲ့သူများအပါ တပတ်အတွင်း စစ်သုံ့ပန်း စကစ ၁၂၀ ဦးရှိဟုဆို

July 8, 2026 admin 0

◼️‌ရခိုင်သို့စစ်ကူပို့ခံရသဖြင့် တပ်ဖွဲ့လိုက်လက်နက်ချခဲ့သူများအပါ တပတ်အတွင်း စစ်သုံ့ပန်း စကစ ၁၂၀ ဦးရှိဟုဆို ၈ ဇူလိုင် ||| နွေဦးအသံ ||| ရခိုင်စစ်မြေပြင်သို့ စစ်ကူပို့ခံရတာကြောင့် အရာရှိတွေနဲ့အတူ တပ်ဖွဲ့လိုက်လက်နက်ချအညံ့ခံခဲ့သူများအပါအဝင် အကြမ်းဖက်စစ်တပ်ထံမှ တပတ်အတွင်း စစ်သုံ့ပန်း ၁၂၀ ဦးနဲ့ အလင်းဝင်သူ ၅ ဦးရှိခဲ့တယ်လို့ ဇူလိုင် […]

◼️‌မြဝတီတိုက်ပွဲ အင်အားထောင်ချီစစ်တပ် အထိနာနေပြီး အလောင်းကောက်ချိန်ပေးထားသဖြင့် ပုခက်များနဲ့ပါထမ်းထုတ်နေရ

July 8, 2026 admin 0

◼️‌မြဝတီတိုက်ပွဲ အင်အားထောင်ချီစစ်တပ် အထိနာနေပြီး အလောင်းကောက်ချိန်ပေးထားသဖြင့် ပုခက်များနဲ့ပါထမ်းထုတ်နေရ ၈ ဇူလိုင် ||| နွေဦးအသံ ||| ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို KNLA ၊ PDF နဲ့ပူး‌ပေါင်းတပ်တွေက ဇူလိုင် ၇ ရက်၊ ညပိုင်းမှ စတင်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ […]