နိုင်ငံတစ်ဝန်းဇွန်လလယ်အထိ မိုးကြီးနိုင်
နိုင်ငံတစ်ဝန်းဇွန်လလယ်အထိ မိုးကြီးနိုင် တယ်လို့ NUG သတိပေး ဇွန်-၈၊၂၀၂၆။စိုင်းနော်/People’s Spring ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာဇွန်လ ၁၄ရက် မတိုင်ခင်အထိ နေရာကွက်၍ မိုးကြီးနိုင်လို့ ရေဘေးသတိပြုကြဖို့ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးပါတယ်။ အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းနေတာနဲ့ကပ္ပလီပင်လယ်ပြင်အနီးမှာလေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေတာကြောင့်ဇွန်လ၈ရက်ကနေဇွန်လ၁၄ရက်အတွင်းမှာ မိုးဆက်များနိုင်တယ်လို့ ရှင်းပြထားပါတယ်။ နေရာကွက်ပြီးမိုးကြီးမယ့်ဒေသတွေအဖြစ်ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊တနင်္သာရီတိုင်း၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ […]