ဟုမ္မ‌လင်းလေတပ်စခန်းဌာနချုပ်မှ ရိက္ခာဂိုဒေါင် မီးရှို့ ခံရပြီး နံရံတွင် “စစ်ခွေး မအလ” အတွက်ဟု စာရေးသားခဲ့၊ စစ်သည် ၄ ဦး ဖမ်းဆီးစစ်ဆေးခံနေရပြီး ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မြတ်မင်းသန်းက သတင်းကို ဖုံးဖိထား

ဟုမ္မ‌လင်းလေတပ်စခန်းဌာနချုပ်မှ ရိက္ခာဂိုဒေါင် မီးရှို့ ခံရပြီး နံရံတွင် “စစ်ခွေး မအလ” အတွက်ဟု စာရေးသားခဲ့၊ စစ်သည် ၄ ဦး ဖမ်းဆီးစစ်ဆေးခံနေရပြီး ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မြတ်မင်းသန်းက သတင်းကို ဖုံးဖိထား
ရန်ကုန်၊ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ အခြေစိုက် ဟုမ္မ‌လင်းလေတပ်စခန်းဌာနချုပ်တွင် ရိက္ခာဂိုဒေါင်ကို မီးရှို့မှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး နံရံတွင် “စစ်ခွေး မအလ” အတွက်ဟု စာရေးသားခဲ့ကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်း ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်၏ ရိက္ခာဂိုဒေါင် မီးရှို့မှုဖြစ်ပွားခဲ့ပြီး မီးရှို့သူက နံရံတွင် “စစ်ခွေးမအလအတွက်” ဟု စာရေးသားသွားခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်ကို နေပြည်တော်အခြေစိုက်စစ်ရုံးနှင့် ကက(လေ)က မသိရှိစေရန် လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မြတ်မင်းသန်းက အထက်သို့ မတင်ပြဘဲ သတင်းဖုံးခဲ့ကြောင်း၊ ယင်းနောက် ရိက္ခာဂိုဒေါင်ကို အမြန် ပြန်လည်တည်ဆောက်နေကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းခဲ့သည့် ဟုမ္မ‌လင်းလေတပ်စခန်းဌာနချုပ်၏ ရိက္ခာဂိုဒေါင်မှာ တပ်တွင်း တန်းလျားများနှင့် ဝေးကွာပြီး လူနှင့်ဝေးသောတောထဲတွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ လတ်တလော မီးရှို့သူကို ဖမ်းဆီးရရှိခြင်းမရှိသဖြင့် အနီးဆုံး ကင်းတဲမှ တာဝန်ကျ စစ်သား ၄ ဦးကို အုပ်ချုပ်ရေးမှူး တပ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စွာ (DSA -42) က ဦးစီး စစ်ဆေး ညှဉ်းပန်း နှိပ်စက်နေကြောင်း သိရှိရသည်။
ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၏ အုပ်ချုပ်ရေးမှူး တပ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စွာ (DSA -42) က ဦးစီးကာ သံသယရှိသော စစ်သည်များကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက် နေကြောင်း သိရှိရသည်။