 
လှည်းကူး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်မှု ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၈
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုးကျေးရွာရှိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ အရက်သောက်ရန် ပြင်ဆင်နေသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း Yangon Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် လှည်းကူးမြို့ နယ်၊ ဒရယ်ဘိုးကျေးရွာရှိ မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ အရက်သောက်ရန် ပြင်ဆင်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ၁ ဦး ဗုံးထိမှန်ကာ လေပေါ်ပျံဝဲပြီး ပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။
“ညနေစောင်း ထွေအုပ်ရုံးမှာ အရက်သောက်ဖို့ ပြင်နေတဲ့ အုပ်ကြီး ၁ ကောင်နဲ့ ပျူ ၁ ကောင်တော့  ပွဲချင်းပြီးသေတယ်။ အရက်ဝိုင်းထဲမှာ ကျန်တဲ့ကောင်တွေလည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ အုပ်ကြီးကတော့ ဝယ်လာတဲ့ပုလင်းတွေတောင် မသောက်သွားရရှာဘူး” ဟု Yangon Army အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်း ခရိုင် ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်သောပစ်မှတ်များ၊ အကြမ်းဖက် စစ်ကောင်စီပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပါ၀င်လုပ်ကိုင်နေကြသူများကို ဆက်လက်၍ အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ က ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်တွင် အုပ်ချုပ်ရေးမှူးရုံးများကို လုံခြုံရေးယူ တပ်စွဲလေ့ရှိသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)