ငဖဲမြို့နယ်၊ စစ်တပ်၏ နတ်ရေကန်ဗျူဟာကုန်းစခန်းမှ ထွက်ပြေးလာသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည့်အပြင် အလင်းဝင်လာသူများ ဆက်တိုက်ရှိနေ

ငဖဲမြို့နယ်၊ စစ်တပ်၏ နတ်ရေကန်ဗျူဟာကုန်းစခန်းမှ ထွက်ပြေးလာသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည့်အပြင် အလင်းဝင်လာသူများ ဆက်တိုက်ရှိနေ
ရန်ကုန်၊ အောက်တိုဘာ ၁၈

မကွေးတိုင်း၊ ငဖဲမြို့နယ်၊စစ်တပ်၏ နတ်ရေကန်ဗျူဟာကုန်းစခန်းမှ ထွက်ပြေးလာသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည့်အပြင် အလင်းဝင်လာသူများ ဆက်တိုက်ရှိနေကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။
AA က စစ်တပ်၏ နတ်ရေကန်ဗျူူဟာကုန်းစခန်းရှိ အနည်းငယ်သော လက်နက်ကျန်နေရာတချို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ AA ၏ ထိုးစစ်တွင် ကစဉ့်ကလျား ထွက်ပြေးလာသော စစ်တပ်၏ တပ်ဖွဲ့ဝင်တချို့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ၊ စစ်တပ်က နတ်ရေကန် ဗျူဟာကုန်းစခန်း မကျရှုံးရေးအတွက် လေကြောင်းပစ်ကူနှင့် စစ်ကူများ အဆက်မပြတ် ပေးနေသည့်ကြားမှ AA က အကောင်းဆုံး တုံ့ပြန်ခံစစ်နှင့်အတူ ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ အချိုသောနေရာများတွင် စစ်ကော်မရှင် တပ်ဖွဲဝင်အချို့က AA ထံတွင် အလံဖြူထောင် လက်နက်ချကာ အလင်းဝင်ရောက်လျက် ရှိကြသကဲ့သို တချို့ကို တိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း၊ အာရက္ခတပ်တော်အနေဖြင့် AA ထံသို့ အလင်းဝင်ရောက်လာခဲ့ကြသောသူတိုင်းကို စစ်သုံပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ပေးထားလျက်ရှိကြောင်း သိရှိရသည်။
ထိုကြောင့် အကြမ်းဖက် စစ်ကော်မရှင်၏ မတရားသဖြင့် စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသောသူများအနေဖြင့် အာရက္ခတပ်တော်နှင့် အနီးဆုံးနေရာများသို ဆက်သွယ်၍ အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်ကြောင်း AA က သတိပေး နှိုးဆော်ထားသည်။