အားအနည်းရှိအခြေအနေသို့ အယ်လ်နီညို ရောက်ရှိနေ

အားအနည်းရှိအခြေအနေသို့ အယ်လ်နီညို ရောက်ရှိနေ
————————

နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြုမော်ဒယ်တွေရဲ့ခန့်မှန်းချက်အရ အားအနည်းငယ်ရှိတဲ့ အယ်လ်နီညို အခြေအနေကို ရောက်ရှိနေပြီဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန် ထားပါတယ်။၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အားကောင်းတဲ့ အယ်လ်နီညိုအခြေအနေကို ရောက်ရှိနိုင်တယ်လို့ လည်း ခန့်မှန်းထားပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမဲ့ အဲဒီဖြစ်စဉ်ကြောင့် ယေဘုယျ အကျိုး သက်ရောက်မှုအနေနဲ့ မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်တွေ မြင့်မားတာ၊ မုန်တိုင်းဖြစ်ပေါ်မှုတွေ မူမမှန်တာ၊ မိုးခေါင်ရေရှားတာ စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၁ ရက်၊ မနက် (၁၀)နာရီခွဲအချိန်ထုတ်ပြန်ချက်မှာလည်း ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်း နေတယ်လို့ ထုန်ပြန်ထားပါတယ်။