■ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း အပြစ်ဖြစ်သဖြင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု (System Shutdown) ဖြစ်ပေါ်ပြီး မီးပျက်နေ




၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း အပြစ်ဖြစ်သဖြင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု (System Shutdown) ဖြစ်ပေါ်ပြီး မီးပျက်နေကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။
ဧပြီ ၂၅ ရက် ည ၈ နာရီ ၄ မိနစ်ခန့်တွင် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့မှုကြောင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု (System Shutdown) ဖြစ်ပွားခဲ့ကြောင်း၊
လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အဆိုပါဓာတ်အားလိုင်းအား အသေးစိတ်စစ်ဆေးကာ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ၃ နာရီ (သို့) ၄ နာရီအတွင်း အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ဓာတ်အားအမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ကျောက်တံတားမှာဆို မနက် ၉ နာရီမှာ ပျက်တယ်၊ နေ့ခင်း ၁ နာရီက လာပြီး ၅ နာရီမှာ မပျက်ပဲနဲ့ အခု ၈ နာရီလောက်မှာ ပျက်သွားပါတယ်။ ကြေညာထားတာတော့ System Breakdown ဖြစ်တယ်” ဟု ကျောက်တံတားမြို့နယ်နေသူတစ်ဦးက ပြောကြားသည်။
#elevennews_2026_April #မီးပျက်
#SystemBreakdown