ကပစ(၂၁)အား ရှော့တိုက်ဒုံးနှင့် လက်လုပ်ရော့ကတ် အလုံး ၄၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကပစ(၂၁)အား ရှော့တိုက်ဒုံးနှင့် လက်လုပ်ရော့ကတ် အလုံး ၄၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
ဧပြီ ၂၀၊ ၂၀၂၆

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းက အမှတ် (၂၁)ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေအပါအဝင် အလုံး ၄၀ ခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပကဖက ဧပြီ ၁၉ ရက် မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
ကပစ(၂၁)ဟာ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေမှုအတွင်း ပေါင် ၃၀၀၊ ပေါင် ၅၀၀၊ ပေါင် ၁၀၀၀ ဗုံးသီးတွေနဲ့ Cluster ဗုံးတွေ ထုတ်လုပ်နေပြီး ၂၀၂၄ ခုနှစ်နောက်ပိုင်းကစလို့ရဒရုန်းဗုံးသီးတွေကိုပါ ထုတ်လုပ်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ထိုးစစ်၊ ခံစစ်တွေ လျော့နည်းသွားစေဖို့နဲ့ ပြည်သူလူထုအပေါ် ဗုံးကြဲ တိုက်ခိုက်မှုတွေ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ကပစ-၂၁ ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ၊ မကွေးတိုင်း ပကဖ ဒရုန်းလက်ရုံးတပ်၊သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦး (တိုင်းပကဖ ဒရုန်း လက်ရုံးတပ်) ၊Rocket Fighter အဖွဲ့ (တိုင်း ပကဖ လက်ရုံးတပ်) ၊မကွေးတိုင်း ပကဖ၏ တိုက်ခိုက်ရေး စစ်ကြောင်း MGY 30 (SOU – 3)၊ဂန့်ဂေါခရိုင် ပကဖ မှ ခရိုင် တိုက်ခိုက်‌ရေးတပ်၊ ဆောမြို့နယ် ပကဖ၊ ထီးလင်းမြို့နယ် ပကဖ
ယောဧရာ (ဂန့်ဂေါခရိုင် ထုတ်လုပ်ရေးအဖွဲ့) ၊ မင်းဘူးခရိုင် ပကဖနဲ့ စလင်းမြို့နယ် ပကဖ တို့မှ ပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video-ပကဖ၊ မကွေးတိုင်း၊ NUG