အထွေထွေ လွတ်/ငြိမ်း မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာနိုင် ဖွယ်ရှိ
ကာကွယ်ရေး ဦးစီးချုပ် ဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ အဖြစ် ရွေးချယ်ခံ ရ တာ ကို အကျဉ်းချ ခံထား ရ တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဟောင်း ဒေါ်အောင်ဆန်းစုကြည် သိရှိ တယ် လို့ ဆိုပါတယ်။
လွတ်လပ်ရေး ရပြီး နောက် မြန်မာ စစ်တပ် ရဲ့ တတိယ အကျော့ အာဏာသိမ်း မှု မှာ တစ်ဦးတည်း ပဲ့ကိုင်ရှင် ဖြစ် တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ အဖြစ် ရွေးချယ် ခံ ရတာ ကို ဒေါ်အောင်ဆန်းစုကြည် က ဘာမှ မှတ်ချက် မပေး လို ( သေး) ဘူး လို့ Freedom News Group က သိရပါတယ်။
အန်တီ က ဘာမှ မပြော လို ဘူး လို့ ပြောတယ်။ ဖြစ်-ပျက် နှစ်တန် လောကဒဏ် ကို နှလုံး သွင်း ဆင်ခြင် ဖို့ နဲ့ အန်တီ လည်း ဖြစ် တတ်၊ ပျက်တတ် တဲ့ သဘော ကို တရား သဘော နဲ့ ဆင်ခြင် တယ်။ အသက် အရွယ် အရ လောကီ ရေးရာ တွေ အန်တီ အဲဒီ လောက်ကြီး ဖိုးကပ်(စ) လုပ်တာ တွေ မလုပ် တော့ ဘူး လို့ Myanmar Statesman သတင်း စာ က သိရ ပါတယ်။
မြန်မာ နိုင်ငံ ရဲ့ ၁၁ ဦး မြောက် သမ္မတ ဖြစ် တဲ့ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ရဲ့ အမျိုးသား ရင်ကြားစေ့ ရေး နဲ့ မြန်မာ ခေါင်းဆောင် သစ် တွေ ရဲ့ ဓလေ့ ထုံးတမ်း အစဉ် အလာ အရ လာမယ့် နှစ်ဆန်း တစ်ရက် နေ့ မှာ အကျဉ်းသား ပေါင်း သောင်း နဲ့ ချီ တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့် အမိန့် ကို ထုတ် ပြန် မှာ ဖြစ် ပြီး မြန်မာ့ နိုင်ငံ ရေး၊စစ်ရေး နဲ့ စီးပွားရေး တွေ မှာ ဩဇာ တိက္ကမ ကြီးမား လှ တဲ့ Freedom News Group က သိရ သလောက် တော့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာမယ် လို့ လဲ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး က ထောင်ခါ မယ့် သဘော မျိုး ထိ အကုန် လုံး နီးပါး ကို လွှတ်ပေး ဖို့ စီစဉ် ထားတယ် လို့ နီးစပ် သူ တစ်ဦး က ပြောပါတယ်။
မြန်မာ့ ရိုးရာ ဓလေ့ မှာ အာဃာတ တွေ၊ လက်စားချေ တာတွေ ၊ အတုံ့အလှည့် တွေ မထား တော့ တဲ့ သင်ပုန်းချေ တဲ့ ဓလေ့ ဆိုတာ ရှိ ပြီး အဲဒီ ထုံး တမ်း စဉ်လာ ကို မြန်မာ ဘုရင် တွေ အဆက်ဆက် က လည်း နန်း တက် ပွဲ တွေ နဲ့ နန်းညွန့် နန်းလျာ ရွေး ပွဲ တွေ မှာ လုပ်လေ့ လုပ်ထ ရှိ ခဲ့ ကြပါတယ်။
မြန်မာ ဘုရင် တွေ ဆို ရင် ရန်သူ နန်းကျ ဘုရင် ရဲ့ မိဖုရား၊ သားတော်၊သမီးတော် နဲ့ ဆွေတော် မျိုး တော် တွေ ကို ပါ ဘွဲ့ ထူး အဆောင်အယောင် တွေ ပေးကာ ချီးမြှင့် မြှောက် စားတတ်ကြ ပါတယ်။
တောင်ငူ ဘုရင် ရဲ့ ဖမ်းဆီး အကျဉ်းချ ခံထား ရ တဲ့ မွန် ဘုရင် တစ်ပါး ဆို ရင် တောင်ငူ ဘုရင် စစ်ထွက် နေ ခိုက် မှာ သူ့ ကို လာကယ် တဲ့ မွန် နဲ့ ကရင် တပ် တွေ ကို သူကိုယ် တိုင် တောင်ငူ တပ်တွေ ကို ပြန် ပြီး ဦးဆောင် တိုက်ထုတ် လို့ တောင်ငူ ဘုရင် လွတ်ငြိမ်း ခွင့် ပေး ကာ အဆောင် အယောင် တွေ ကို ပြန်လည် ချီးမြှင့် ခဲ့ ပါတယ်။
သမ္မတ ဟောင်း ဦးနေဝင်း လက်ထက် မှာ လည်း လက်နက် စွဲကိုင် တိုက်ခိုက် ခဲ့ တဲ့ ဝန်ကြီးချုပ် ဟောင်း ဦးနု ကို ပြန်လည် လက်ခံ ကြိုဆို ခဲ့ သလို၊ မြန်မာ စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ် မှူးကြီး သန်းရွှေ က လည်း သူ နန်း မစွန့် ခင် မှာ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ် ဘဝ ကနေ ပြန်လွှတ် ပေး ခဲ့ ပါတယ်။
ပူးတွဲ ပါ ဓာတ်ပုံ က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက် နေ့ က ဖြစ်ပါတယ်။