မွန်ပြည်နယ်_သိမ်ဆိပ်တိုက်နယ်ဆေးရုံတွင် ပေါ့ဆစွာ ဆေးကုသမှုကြောင့် ၄ နှစ်အရွယ် ကလေးငယ် Tayဆုံးခဲ့ရပြီး တရားမျှတမှုရရန် မိသားစုဝင်များ တောင်းဆိုနေ

မွန်ပြည်နယ်_သိမ်ဆိပ်တိုက်နယ်ဆေးရုံတွင် ပေါ့ဆစွာ ဆေးကုသမှုကြောင့် ၄ နှစ်အရွယ် ကလေးငယ် Tayဆုံးခဲ့ရပြီး တရားမျှတမှုရရန် မိသားစုဝင်များ တောင်းဆိုနေ

သာမန် ဝမ်းပျက်ဝမ်းလျှော ဖြစ်ရာကနေ ဆေးရုံသွားပြချိန် မိနစ်ပိုင်းအတွင်းမှာပဲ သားငယ်လေးကို လက်လွှတ်လိုက်ရတဲ့ မိသားစုရဲ့ သောကဟာ ဘယ်အရာနဲ့မှ အစားထိုးလို့ မရနိုင်ပါဘူး။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံမှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ကလိကျွန်းကျေးရွာက အသက် ၄ နှစ်အရွယ် မောင်ဖုန်းမြတ်ကို ဟာ ဝမ်းအနည်းငယ်သွားလို့ ဆေးရုံကို သွားရောက်ပြသခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တာဝန်ကျဆရာဝန် ဒေါက်တာသက်ထူးအေးအောင်က ပိုးသတ်ဆေးထိုးဖို့ ညွှန်ကြားခဲ့ပြီး ဆေးထိုးပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကလေးငယ်ဟာ ဆေးမတည့်တဲ့ လက္ခဏာတွေ ပြင်းထန်စွာပြလာပြီး အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။
မိသားစုဝင်တွေရဲ့ ရင်ကွဲပက်လက် စွပ်စွဲပြောဆိုချက်တွေအရ –
ပြင်းထန်တဲ့ ပိုးသတ်ဆေးတွေ ထိုးနှံတဲ့အခါ လူနာနဲ့ ဆေးတည့်/မတည့် (Skin Test) ကို အရေပြားပေါ်မှာ မဖြစ်မနေ ကြိုတင်စမ်းသပ်ရမှာ ဖြစ်ပေမယ့်၊ ဆရာဝန်က အဲဒီလို စမ်းသပ်မှုမလုပ်ဘဲ အတင်းအဓမ္မ ထိုးနှံခဲ့တယ်လို့ ဆိုပါတယ်။ ကလေးအခြေအနေ ဆိုးရွားလာချိန်မှာလည်း “နောက်ခါဆို ငါမလုပ်ပေးတော့ဘူး” လို့ ပြောဆိုခဲ့တဲ့အပြင်၊ ကလေးဆုံးရှုံးသွားလို့ သွားရောက်မေးမြန်းတဲ့ မိသားစုကို “ဆေးမှတ်တမ်း မပေးနိုင်ဘူး၊ အမှုဖွင့်ချင်ဖွင့်၊ ကြိုက်သလိုတိုင်” ဆိုပြီး တာဝန်မဲ့စွာ တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကလေးငယ် ဘာကြောင့်သေဆုံးရတယ်၊ ဘာဆေးတွေ ထိုးခဲ့တယ်ဆိုတဲ့ ဆေးမှတ်တမ်း (Medical Record) ကိုလည်း မပေးဘဲ၊ လက်မှတ်တစ်ခုသာ အတင်းထိုးခိုင်းပြီး အလောင်းကို ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကွယ်လွန်သူ ကလေးငယ်လေးကိုတော့ မတ်လ ၃၀ ရက်နေ့မှာ မိုးကောင်း (RESCUE) လူမှုကယ်ဆယ်ရေးအသင်းရဲ့ ကူညီမှုနဲ့ ကလိကျွန်းသုဿန်မှာ သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုအခါမှာတော့ မိသားစုဝင်တွေက သူတို့ရဲ့ သားငယ်လေးအတွက် တရားမျှတမှုရဖို့နဲ့၊ နောက်ထပ် ဒီလိုအသက်တွေ ထပ်မဆုံးရှုံးရလေအောင် တာဝန်ရှိသူတွေအနေနဲ့ အဆိုပါဆရာဝန်ကို ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူပေးဖို့ မျက်ရည်နဲ့မျက်ခွက် တောင်းဆိုနေကြပါတယ်။
လူ့အသက်တစ်ချောင်းရဲ့ တန်ဖိုးနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေရဲ့ တာဝန်ယူမှုအပေါ် ပြည်သူတွေ ဘယ်လိုမြင်ကြပါသလဲ? ဒီဖြစ်စဉ်အပေါ် သင့်အမြင်ကို Comment မှာ ရေးသားပြီး အမှန်တရားပေါ်ပေါက်ဖို့ ကူညီမျှဝေပေးကြပါ။
#သထုံသတင်း #သိမ်ဆိပ်တိုက်နယ်ဆေးရုံ #ဆေးကုသမှုပေါ့ဆ #တရားမျှတမှု #မွန်ပြည်နယ်သတင်း #ကလေးငယ်သေဆုံးမှု #MedicalNegligence #JusticeForChild #MyanmarNews #ViralNewsMM