မှတ်ပုံတင်အသစ်မလဲရသေးလို့ ဂိတ်မှာမတရားငွေတောင်းခံရရင် တိုင်ကြားနိုင်

ခရီးသွားလာတဲ့အခါ မှတ်ပုံတင် အသက် (၁၈/၃၀/၄၅) ပြည့်လို့ အသစ်မလဲရသေးတာကို အကြောင်းပြပြီး ငွေတောင်းခံတာတွေ ကြုံနေရပါသလား?
ဒီကိစ္စနဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (လဝက) ရဲ့ တရားဝင် ဖြေရှင်းချက်ကို ပြည်သူတွေ သိအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
သိထားသင့်တဲ့ အချက် (၅) ချက် –
၁။ “မဖြစ်မနေ လဲရမယ်” လို့ ညွှန်ကြားမထားပါ
အသက်အရွယ်အလိုက် လဲလှယ်ရမယ့် လုပ်ထုံးလုပ်နည်းရှိပေမယ့် အခုကာလမှာ “မဖြစ်မနေ လဲရမယ်” လို့ ဂိတ်တွေကို ညွှန်ကြားထားခြင်း မရှိပါဘူး။
၂။ ငွေတောင်းခံပိုင်ခွင့် မရှိပါ
မှတ်ပုံတင် မလဲရသေးတာ၊ ဓာတ်ပုံမကြည်တာကို အကြောင်းပြပြီး ငွေတောင်းတာဟာ တရားမဝင်ပါဘူး။
၃။ ဘယ်မှာလဲလို့ ရသလဲ?
မိမိဇာတိကို ပြန်ဖို့ အဆင်မပြေသူတွေဟာ လက်ရှိနေထိုင်ရာ အရပ်ဒေသက လဝကရုံး မှာတင် အိမ်ထောင်စုစာရင်းပြပြီး အသစ်လဲလှယ်/ပြုလုပ်နိုင်ပါတယ်။
၄။ စမတ်ကတ် (UID) နဲ့ လေယာဉ်စီးလို့ရလား?
ဒါကတော့ ဝန်ကြီးဌာနနဲ့ မဆိုင်ဘဲ သင်စီးမယ့် လေကြောင်းလိုင်းရဲ့ သတ်မှတ်ချက် ပေါ်မှာပဲ မူတည်ပါတယ်။ (ခရီးမထွက်ခင် လေကြောင်းလိုင်းကို အရင်မေးမြန်းပါ)
၅။ ငွေတောင်းခံရရင် ဖုန်းဆက်တိုင်ပါ
အကယ်၍ မတရား ငွေတောင်းခံရရင် ဂိတ်မှာရှိတဲ့ ဖုန်းနံပါတ်တွေ ဒါမှမဟုတ် လဝက ရုံးဖုန်း 067-3431045 ကို ဂိတ်အမည်၊ အချိန်နဲ့တကွ တိုင်ကြားနိုင်ပါတယ်။
💡ပြည်သူတွေအနေနဲ့ အခွင့်အရေးကို သိထားမှ အလိမ်အညာ မခံရမှာပါ။ ဒီသတင်းကို မိမိတို့ရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေ သိအောင် Share ပေးကြပါဦးနော်။
မင်းထက်ပိုင် (ရွာဆော် News)