ဖလန်ကိုင်းရေနံမှော် လေကြောင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော် (၆) ဦးကျဆုံး

ဖလန်ကိုင်းရေနံမှော် လေကြောင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော် (၆) ဦးကျဆုံး
RNA_ဧပြီ(၄)၊၂၀၂၆ခုနှစ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဖလန်ကိုင်း ရေနံမှော်ကို မင်းအောင်လှိုင်ဦးဆောင်သော ရဲဝင်းဦးတပ်မှ ယနေ့ (ဧပြီ ၄ ရက်) လေကြောင်း တိုက်ခိုက်ခဲ့သည့်အတွက် PDF ရဲဘော် (၆) ဦး အနည်းဆုံး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်ခံရသော ဖလန်ကိုင်း ရေနံမှော်အနီးတဝိုက်တွင် ပြီးခဲ့သည့်ရက်ပိုင်းက NUG/MOD-PDF ရဲဘော်များ ရောက်ရှိနေကြောင်း၊ ယနေ့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့ရသော ရဲဘော်များသည် ရောက်ရှိနေသော PDF များထဲမှ ရဲဘော်တစ်ချို့ပါဝင်ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့ရသော တော်လှန်ရေး ရဲဘော်များနှင့် ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်က “ဝောာ်လှန်ရေး တာဝန်ထမ်းနေတဲ့ ရဲဘော်တွေပါပဲ။ ဒါကြောင့် သူတို့အတွက်ပါပိုပြီး ကျနော်တို့ တော်လှန်ရေးအလုပ်တွေကို အားစိုက်ရပါလိမ့်မယ်” ဟု ပြောကြားထားသည်။
အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်တပ်ကို ဦးဆောင်စဉ်ကလည်း လေကြောင်း တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ပြီးနောက် တပ်ချုပ်အပြောင်းအလဲတွင် ရဲဝင်ဦးအား လွှဲပြောင်းပေးသည့် နေ့မှစပြီး နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများကို ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းစသည်တို့ကို ပြုလုပ်နေကြောင်း သိရသည်။
#REDNEWS #RNA #RedNewsAgency
=