စစ်အုပ်စုခေါင်းဆောင် သမ္မတ ရာထူးရယူတာကို ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

စစ်အုပ်စုခေါင်းဆောင် သမ္မတ ရာထူးရယူတာကို ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
Connect Burma၊ ဧပြီ ၃
စစ်အုပ်စုက တစ်ဖက်သတ်ကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် အာဏာသိမ်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်လာတာကို ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က ပြောကြားလိုက်လိုက်ပါတယ်။
မြန်မာပြည်သူလူထု တစ်ရပ်လုံး ဆန့်ကျင့် ကန့်ကွက်ခဲ့တဲ့ ရွေးကောက်ပွဲ တဆင့် အနိုင်ရလာတဲ့ စစ်အုပ်စု လက်ဝေခံ အမတ်တွေ က ဧပြီလ ၃ ရက်နေ့ မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကို သမ္မတ ၊ စစ်အုပ်စု ဝန်ကြီးချုပ် ညိုစောကို ဒုသမ္မတ နဲ့ စစ်အုပ်စု လက်ဝေခံ ကြံ့ဖွံ့ ပါတီ အမတ် ဒေါ်နီနီအေးကို ဒုသမ္မတ (၂) အဖြစ် တင်မြောက်လိုက်ပါတယ်။
စစ်ခေါင်းဆောင် သမ္မတ ဖြစ်လာတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဧပြီ ၃ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ မှာ ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က “ တရုတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ စည်ပင်ဝပြောရေးကို ဖော်ဆောင်ခြင်းအား ထောက်ခံပါတယ်” လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြင့် အတူတည်ဆောက်ရေးအား တက်ကြွစွာ တွန်းအားပေးသွားမယ်လို့ လည်းဆိုပါတယ်။
တရုတ် အစိုးရ ဟာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတရာထူး ရယူတာကို ပထမဆုံး ထောကက်ခံခဲ့တဲ့ အစိုးရ ဖြစ်ပါတယ်။
#ConnectBurma