Eldorado Weather ၏ ယနေ့နံနက်ပိုင်း တိုင်းထွာချက်များအရ ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် မြန်မာနိုင်ငံမှ မြို့ကြီးများမှာ သုံးရက်ဆက်တိုက် ထိပ်ပိုင်းတွင် ရပ်တည်

Eldorado Weather ၏ ယနေ့နံနက်ပိုင်း တိုင်းထွာချက်များအရ ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် မြန်မာနိုင်ငံမှ မြို့ကြီးများမှာ သုံးရက်ဆက်တိုက် ထိပ်ပိုင်းတွင် ရပ်တည်နေပြီး၊ ဧပြီ ၃ ရက်တွင် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့အနက် မြန်မာနိုင်ငံမှ မြို့ ရှစ်မြို့အထိ ပါဝင်နေကြောင်း သိရသည်။
ဒီနေ့ ဧပြီလ ၃ ရက် မနက်ပိုင်း တိုင်းထွာချက်အရဆိုရင် ကမ္ဘာ့အပူဆုံးမြို့ သုံးမြို့စလုံးဟာ မြန်မာနိုင်ငံက ဖြစ်နေပါတယ်! 🔥⬇️
1️⃣ မုံရွာမြို့ (စစ်ကိုင်းတိုင်း): ၁၀၈.၅ ဖာရင်ဟိုက်နဲ့ ကမ္ဘာ့နံပါတ် ၁! 🏆🔥
2️⃣ ချောက်မြို့: ၁၀၈ ဖာရင်ဟိုက်နဲ့ ကမ္ဘာ့နံပါတ် ၂။
3️⃣ မကွေးမြို့: ၁၀၈ ဖာရင်ဟိုက်နဲ့ ကမ္ဘာ့နံပါတ် ၃။
ထို့အပြင် ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ မင်းဘူး၊ စစ်ကိုင်း၊ မန္တလေး၊ တောင်ငူနှင့် ပြည်မြို့များလည်း ထိပ်ဆုံးမှ ပါဝင်နေသည်။
အဆိုပါ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ ၈ မြို့၊ ထိုင်းနိုင်ငံမှ ၄ မြို့၊ အီဂျစ်နိုင်ငံမှ ၂ မြို့နှင့် အိန္ဒိယနိုင်ငံမှ ၁ မြို့တို့ ပါဝင်နေကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံမှ မြို့ကြီးများမှာ ဧပြီ ၁ ရက်မှစတင်၍ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် အနည်းဆုံး မြို့လေးမြို့အထိ ဆက်တိုက်ပါဝင်နေခြင်းဖြစ်ကြောင်း Eldorado Weather ၏ ထုတ်ပြန်ချက်အရ သိရသည်။
#MyanmarHeatwave #WorldHottestCities #EldoradoWeather #MyanmarTemperature #Monywa #Chauk #Magway #StaySafe #PublicHealthAlert #မြန်မာ #အပူချိန် #ရာသီဥတု #မုံရွာ #ချောက် #မကွေး