NLD မဲမသမာမှုလုပ်၍ အာဏာထိန်းရပါသည်ဆိုသော အကြမ်းဖက် မင်းအောင်လှိုင် ရွေး ကောက်ပွဲအတုနှင့် လွှတ်တော်အတုမှ တင်မြှောက်သော အကြမ်းဖက် သမ္မတ ဖြစ် လာ
ရန်ကုန်၊ ဧပြီ ၃







NLDပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုလုပ်၍ အာဏာထိန်းရပါသည်ဆိုသော အကြမ်းဖက် မင်းအောင်လှိုင်မှာ စစ်တပ်က ဦးစီးလုပ်ဆောင်ခဲ့သော ရွေးကောက်ပွဲအတုနှင့် လွှတ်တော်အတုက တင်မြှောက်သော အကြမ်းဖက် သမ္မတ ဖြစ်လာသည်။
ယနေ့ နေပြည်တော်တွင်ပြုလုပ်သော အကြမ်းဖက် လွှတ်တော်က သမ္မတ ရွေးချယ် တင်မြှောက်ပွဲ ပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင်က မဲပေါင်း ၄၂၉ ဖြင့် သမ္မတ၊ ညိုစောက ဒုတိယသမ္မတ ၁ နှင့် နန်းနီနီအေးက ဒုတိယသမ္မတ ၂ အဖြစ် ရွေးချယ်ခဲ့ကြသည်။
မင်းအောင်လှိုင်သည် မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်ဦးစီးချုပ်ရာထူးအငြိမ်းစားယူခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့် အကြမ်းဖက် ကြံ့ဖွတ် ပြည်သူ့လွှတ်တော်အစုအဖွဲ့က ရွေးချယ်သော ဒုတိသမ္မတ အဖြစ်လည်းကောင်း၊ယင်းနောက် အကြမ်းဖက် ပြည်ထောင်စုလွှတ် တော်က ရွေးချယ်သော သမ္မတအဖြစ်လည်းကောင်း ရာထူးများကို ရယူခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်သည် မတ်လ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ဦးစီးချုပ်ရာထူးကို သူ၏ လူယုံ ရဲဝင်းဦးကို လွှဲပြောင်းပေးခဲ့ပြီး ယင်းလွှဲပြောင်းပေးပွဲ အခမ်းအနားတွင်ပင် မဲမသမာမှုကြောင့် စစ်တပ်က အာဏာရယူခဲ့ခြင်းဖြစ်သည်ဟု NLD အစိုးရကိုပင် ထပ်မံပုတ် ခတ် ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်ပြီး မင်းအောင်လှိုင်က စစ်တပ်က အခြေခံဥပဒေအရ ခေတ္တအာဏာထိန်းခြင်းဖြစ်ပြီး ရွေးကောက်ပွဲအရ ပေါ်ပေါက်လာသော အစိုးရသစ်ထံသို့ အာဏာလွှဲပြောင်းပေးမည်ဟုဆိုခဲ့သည်။
ယခုအခါ စစ်အာဏာသိမ်းခဲ့သူ မင်းအောင်လှိုင်မှာ အစိုးရသစ်၏ အကြမ်းဖက် သမ္မတအဖြစ် မိမိကိုယ်ကို ပြန်၍ အာဏာလွှဲအပ်ရတော့မည်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံတော်၏ (၁၁) ဦးမြောက် နိုင်ငံတော် သမ္မတဖြစ်လာ
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားယူသွားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတော်၏ (၁၁) ဦးမြောက် နိုင်ငံတော်သမ္မတဖြစ်လာပြီ ဖြစ်သည်။
၎င်းအား ပြည့်သူ့လွှတ်တော်က ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီလ (၃) ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လျို့ဝှက်မဲပေးခြင်းဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းကဲ့သို့ လျှို့ဝှက်မဲပေးရာတွင် ဆန္ဒမဲပေးခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် (၅၈၄) ဦးအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဲပေးသူ (၄၂၉) မဲ၊ ဦးညိုစောကို (၁၂၆) မဲနှင့် နန်းနီနီအေးကို (၂၉) မဲပေးခဲ့ကြခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ဒုတိယသမ္မတ (၃) ဦးအနက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ တင်သွင်းထားသည့် ဦးညိုစောသည် နိုင်ငံတော်၏ ဒုတိယ သမ္မတ (၁) ဖြစ်လာပြီး အမျိုးသားလွှတ်တော်မှ တင်သွင်းသည့် နန်းနီနီအေးသည် ဒုတိယသမ္မတ (၂) ဖြစ်လာပြီ ဖြစ်သည်။
နန်းနီနီအေးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဖြစ်သည့်အပြင် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သည်။ထို့ပြင် ၎င်းသည် မြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသမီး တစ်ဦးဖြစ်သည်။