ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊ မတ် ၁၇၊ ၂၀၂၆
စစ်ကော်မရှင် သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း (ဆန်ကွဲ ပါဝင်မှု ၂၅ ရာခိုင်နှုန်းပါ) ၁ အိတ်(အနိမ့်ဆုံး) ၄၇၀,၀၀ ကျပ်မှ ၄၉၀၀၀ ကျပ်အတွင်း၊
အချောအမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် (အမြင့်ဆုံး) ၁၈၀,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်အတွင်း၊
ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၂၀,၀၀၀ ကျပ်မှ ၁၃၀,၀၀၀ ကျပ်အတွင်း
ပြင်ပလက်ကား ဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ် အမြင့်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ဝါးတန်းလမ်း ကုန်စည်ဒိုင်အတွင်းရှိ ကုန်သည်များထံက သိရသည်။
စားအုန်းဆီ
စစ်ကော်မရှင်၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၆,၅၇၅ ကျပ်၊ လက်လီသတ်မှတ်ဈေးမှာ ၇,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၃,၀၀၀ ကျပ်ကျော်တွင်ရှိနေ ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့်နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ
ဓာတ်ဆီ ၉၂ တလီတာ ၂,၈၃၀ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၂,၉၃၀ ကျပ်
ဒီဇယ် တလီတာ ၃,၂၀၅ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၃,၅၆၀ ကျပ်
တချို့ စစ်ပွဲဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများရှိနေသလို တချို့နေရာများတွင် စက်သုံးဆီပြတ်လပ်သည့် ပြဿာနာနှင့် ရင်ဆိုင်နေရသည်။
ရွှေနှင့် ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄,၁၅၀ ကျပ်ဝန်းကျင်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၈ သိန်းကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၂ သိန်းကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၇ သိန်းကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၁၀၀ သိန်းကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၅,၀၂၂
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀ ကျပ် အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး