နတ်​ရေကန်ဗျူဟာရဲ့နောက်ဆုံးကာကင်းကို AA သိမ်းပိုက်ပြီး စစ်​ရေးအရှိန်မြှင့်

နတ်​ရေကန်ဗျူဟာရဲ့နောက်ဆုံးကာကင်းကို
AA သိမ်းပိုက်ပြီး စစ်​ရေးအရှိန်မြှင့်
မတ်-၉၊၂၀၂၆။အိမ်သွင်/People’s Spring
နတ်ရေကန်ဗျူဟာနဲ့ ကိုက် ၁၀၀၀ ခန့်အကွာက နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်း ကာကင်းကိုအာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီးဗျူဟာကိုသိမ်းယူမယ့်စစ်ဆင်
ရေး အရှိန်မြှင့်နေပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ကာင်စီတပ်ဖွဲ့ဝင်အင်အား၁၀၀ခန့်ရှိတဲ့ကြက်ခြံကုန်းကာကင်းကို ယခုရက်ပိုင်းအတွင်းတိုက်ပွဲတွေမှာ သိမ်းယူနိုင်တာဖြစ်တယ်လို့ စစ်​ရေးသတင်းရင်းမြစ်ကပြောပါတယ်။
“ကြက်ခြံကာကင်းရပြီ။ထွက်ပြေးတာတွေရော၊အလင်းဝင်တာတွေရောရှိတယ်။နတ်ရေကန်နားမှာ ကာကင်းစခန်းမရှိတော့ဘူး။နတ်ရေကန်ထဲကအဓိ
ကနေရာဖြစ်တဲ့ကမ္ဘာလုံးထဲမှာပဲသူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) ရှိတော့တယ်။အဲ့ဒီကို စတိုက်နေပြီလို့ ပြောရမယ်” လို့ အထက်ပါစစ်​ရေးသတင်းရင်းမြစ်ကပြောပါတယ်။
နတ်ရေကန်ဗျူဟာရဲ့ အရှေ့မြောက်ဘက်နဲ့ အရှေ့‌တောင်ဘက်ကပဇီရွာ နဲ့ ဂုတ်ကြီးရွာအနီးမှာ အာဏာသိမ်းစစ်တပ်က အင်အား ၁၅၀၀ ခန့်စီနဲ့တပ်စွဲထားဆဲဖြစ်ပါတယ်။ အဲ့ဒီနေရာ ဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
“ပဇီ နဲ့ ဂုတ်ကြီးက နတ်ရေကန်ရဲ့ကာကင်းစခန်းမဟုတ်ဘူး။အဲ့နေရာတွေမှာလည်း တိုက်ပွဲက ရှေ့
တိုးနောက်ဆုတ်တွေဖြစ်နေတယ်။အခုကနတ်​ရေ
ကန်ရဲ့ကာကင်းစခန်း‌တွေမရှိတော့ဘူး”လို့ အခြားသတင်းရင်းမြစ်ကပြောပါတယ်။
နတ်ရေကန်ဗျူဟာထဲမှာ တောင်ထိပ်ဒေသ စိုထိုင်းစမြင့်မားတဲ့အတွက် ရေဒါကို ပျက်စီးမှုကနေ ကာကွယ်နိုင်ဖို့ ကမ္ဘာလုံးပုံစံ မြူကာစနစ်(Fiberglass Radome) ရှိပါတယ်။ အဲ့ဒီနေရာကို ကမ္ဘာလုံးလို့ ခေါ်ကြပါတယ်။ ဒါ​ပေမယ့် စစ်တပ်က စခန်းတိုက်ခိုက်ခံရပြီး​နောက်ရေဒါကိုဖြုတ်သိမ်းထားပြီး အဆောက်အအုံကိုတော့ ဘန်ကာအနေနဲ့ သုံးနေပါတယ်။
နတ်ရေကန်ဗျူဟာနဲ့ပဇီရွာ၊ဂုတ်ကြီးရွာတွေကို ‌AA
နဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားတာ​
ကြောင့် ဗျူဟာထဲကို စစ်တပ်က လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအ
ဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။စစ်တပ်က ပဇီရွာနဲ့ ဂုတ်ကြီးရွာကဘက်ကနေ စစ်ကြောင်းထိုးဖို့ကြိုးစားနေလို့ AAနဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေပါတယ်။
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဝင်ပေါက်လမ်းဖြစ်တဲ့
အမ်း-ပဒါန်းလမ်းပိုင်းအနီးက နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလမှာစတင်ထိုးစစ်ဆင်ခဲ့တာပါ။အဲဒီ
အချိန်တုန်းက ဒေသတွင်း စစ်ဆင်ရေးနဲ့ ခုခံစစ်တွေကိုတပ်မ(၉၉)ကတာဝန်ယူခဲ့တာပါ။ကာကင်း
စခန်းတွေကို AAနဲ့ မဟာမိတ် တွေက တစ်ခုပြီးတစ်ခု သိမ်းယူနေပြီး အထိနာနေတဲ့ စစ်ကောင်စီက တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို မေလထဲမှာ ပြန်ဖမ်းပြီး ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းကိုတပ်မ(၉၉)
တပ်မမှူးတာဝန်ပေးခဲ့ပါတယ်။
ထိုးစစ်စတင်တဲ့ဖေဖော်ဝါရီလထဲမှာတင်တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AAက ဖမ်းဆီးခဲ့ပါတယ်။စစ်ကောင်စီကတပ်မ(၉၉)လက်
အောက်ခံတပ်ရင်းတွေအစား ရှမ်းတောင်အခြေ
စိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၇ ကို ဩဂုတ်လနှောင်းပိုင်းမှာ ပို့ပြီး ခုခံပေမယ့် AAနဲ့ မဟာမိတ် တွေက စခန်းတွေထပ်သိမ်းယူနိုင်ခဲ့ပါတယ်။
စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့နဲ့အတူ စစ်မှုထမ်းသင်တန်းဆင်းတွေပါလာပြီး စစ်
ကြောင်းထိုးလာလို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ စစ်ကောင်စီက တပ်မ(၈၈)ကိုပါထပ်ပို့ပြီးခုခံခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲတွေမှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းမိထားပြီး အလံဖြူထောင် အလင်းဝင်ရောက်လာသူတွေလည်း ဆက်
တိုက်ရှိနေတယ်လို့ အာရက္ခတပ်တော်(AA)က ၂၀၂၅ အောက်တိုဘာလမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗျူဟာကုန်းကို အပြီးသတ်သိမ်းယူဖို့အ
တွက် လက်ကျန်တပ်စခန်းတချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို AAက တရားဝင်မထုတ်ပြန်သေးပေမယ့် AAဟာ မဟာမိတ်တွေနဲ့အတူစစ်တွေနဲ့ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကိုလည်းအရှိန်မြှင့်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။
(နတ်​ရေကန်ဗျူဟာကို Google Earth မှာ​
တွေ့ရပုံ)