မြန်မာ-ကိုးရီးယား ဒလတံတားယာဉ်ဖြတ်သန်းဂိတ်ပေးဆာင်သည့်နေရာ ကုန်ကား ဘီးကျွံမှုဖြစ်ပွား
NOM ဖေဖော်ဝါရီ ၁၃၊၂၀၂၆

ဒလတံတားတိုးဂိတ်အနီး ကတ္တားပေါ်တွင် ဖေဖော်ဝါရီ ၁၃ ရက် နေ့လည်ပိုင်းက ကုန်တင်ယာဉ် တစ်စီး ရှေ့ဘီးကျွံကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါကုန်တင်ယာဉ်သည် ရန်ကုန် ဘက်မှဒလမြိုသို ရေခဲတုံးများတင် ဆောင်လာခြင်းဖြစ်ပြီး ကုန်ချိန်ကတ္တားပေါ်တွင် ရှေ့ဘီးကျွံကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသို ရှေ့ဘီးကျွံကျမှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ ကတ္တားသံပြားအနည်းငယ်နှင့် ကုန်တင်ယာဉ်အနည်းငယ်ပျက်စီးခဲ့ကြောင်းသိရသည်။
News Of Myanmar NOM (https://t.me/newsofmyanmar)