ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို ဝမ်းကွဲတော်စပ်သူ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်း ကွယ်လွန်

ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို ဝမ်းကွဲတော်စပ်သူ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်း ကွယ်လွန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို ဝမ်းကွဲတော်စပ်သူ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့် ပေါင်းအစိုး ရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်းသည် အမေရိကန်နိုင်ငံတွင် ကွယ် လွန်သွားပြီဖြစ်ကြောင်း မိသားစုအသိုင်းအဝန်းထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမေရိကန်နိုင်ငံ၊ ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် မေရီလင်း ပြည်နယ်၊ ဘာသက်စ်ဒါမြို့၊ Suburban ဆေးရုံ၌ ကွယ်လွန်သွားခြင်းဖြစ်ပြီး အသက်အရွယ်အားဖြင့် ၈၃ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ကွယ်လွန်သူ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းသည် အာဇာနည်ခေါင်းဆောင်ကြီး ဦး ဘဝင်း၏ သားတစ်ဦးဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်နှမဝမ်းကွဲတော်စပ်သူဖြစ်ကြောင်း သိရသည်။
ကွယ်လွန်သူ ဒေါက်တာစိန်ဝင်းသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီဝင်အမတ်အဖြစ် ပေါက်ခေါင်းမြို့နယ်ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် အမတ်တစ်ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးခြင်းမရှိသဖြင့် ကရင် ပြည်နယ်၊ မာနယ်ပလောတပ်ပေါင်းစုဌာ နချုပ်၌ ရွေးကောက်ခံကိုယ်စားလှယ်များ စုစည်းကာ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြည်ထောင်စုမြန်မာ နိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို ဖွဲ့စည်းတည်ထောင်ကာ ဝန် ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို ၂၀၁၂ ခုနှစ်၊ ကြားဖြတ် ရွေး ကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိပြီးနောက် လွှတ်တော်အတွင်းရောက်ရှိချိန်တွင် တရားဝင်ဖျက်သိမ်းလိုက်ကြောင်း သိရသည်။