ထီပေါက်သည်ဖြစ်စေ,ဝယ်ယူသည်ဖြစ်စေ စာအုပ်ပါမစ်သမားတွေသာ
ထုတ်ယူခွင့်ရတော့မည်


၂၀၂၆ Jan မှ စ၍ TOTO (RM ၁၀,၀၀၀ ထက်ကျော်ပါက မှတ်ပုံတင်(IC)ပြရမည်ဟုထုတ်ပြန်
မလေးရှားနိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ TOTO (သို့မဟုတ်) အခြားသော ကံစမ်းမဲများ ဝယ်ယူရာတွင်ဖြစ်စေ၊ ကံထူး၍ ငွေထုတ်ယူရာတွင်ဖြစ်စေ အောက်ပါစည်းကမ်းချက်များ ပြောင်းလဲသွားမည်ဖြစ်သည်
📋
သတ်မှတ်ပမာဏ: ငွေကြေးပမာဏ ရင်းဂစ် ၁၀,၀၀၀ (RM 10,000) ထက်ကျော်လွန်ပါက
ဝယ်ယူသူ (သို့မဟုတ်) ကံထူးသူသည် မိမိ၏ မှတ်ပုံတင် (IC Card) သို့မဟုတ် နိုင်ငံကူးလက်မှတ် (Passport) ကို ပြသရမည်။
တင်ပြရန်နည်းလမ်း:
ကိုယ်ရေးအချက်အလက်များကို သတ်မှတ်ထားသော Form (သို့မဟုတ်) Mobile App မှတစ်ဆင့် ဖြညိ့သွင်းပြီး အတည်ပြုပြီးမှသာထုတ်ယူနိူင်မည်
မလေးရှားအစိုးရ ပြည်တွင်းအခွန်များဌာန (Inland Revenue Board – LHDN) မှ စတင်လိုက်သော e-Invoicing (Electronic Invoice) စနစ် ဖြစ်ပါတယ်
အခွန်ရှောင်မှုများကို တားဆီးရန်နှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရန်အတွက် ဖြစ်သည်။
🇲🇲 မြန်မာလုပ်သားများအတွက် အကြံပြုချက်
၁။ တရားဝင်မှု: မလေးရှားတွင် တရားဝင်ခွင့်ပြုထားသော လောင်းကစား/ကံစမ်းမဲဆိုင်များတွင်သာ ဆော့ကစားပါ။
၂။ စာရွက်စာတမ်း:
အကယ်၍ သင်သည် ကံကောင်းထောက်မစွာဖြင့် RM ၁၀,၀၀၀ ထက်ကျော်သော ဆုကြေးများ ပေါက်ခဲ့ပါက (သို့မဟုတ်) ပမာဏအများအပြား ဝယ်ယူပါက ၂၀၂၆ ခုနှစ်မှစ၍ မိမိ၏ Passport/Permit အစစ်အမှန် ရှိနေရန် လိုအပ်ပါလိမ့်မည်။
၃။ ကိုယ်ရေးအချက်အလက်: App များမှတစ်ဆင့် အချက်အလက် တင်ပြရမည်ဖြစ်ရာ နားမလည်ပါက တရားဝင် အရောင်းဆိုင်ဝန်ထမ်းများထံတွင်သာ အကူအညီတောင်းပါ။
မှတ်ချက်: ဤဥပဒေသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှသာ စတင်အသက်ဝင်မည် ဖြစ်ပါတယ်