ရွေးကောက်ပွဲမတိုင်မီ စစ်အုပ်စုရဲ့ ဂွမြို့ကိုသိမ်းစစ်ဆင်ရေး မအောင်မြင်တဲ့အပြင် ဧရာ၀တီစစ်မျက်နှာမှာ အကျအဆုံးအများအပြားနဲ့ ရင်ဆိုင်နေရ
ဒီဇင်ဘာ ၂၆ ရက်






ရွေးကောက်ပွဲမတိုင်မီ ဂွမြို့ကို သိမ်းပိုက်မဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆင်ရေးအစီအစဉ်ဟာ မအောင်မြင်တဲ့ အပြင် ဧရာ၀တီစစ်မျက်နှာမှာ အရာရှိတွေအပါအဝင် အကျအဆုံးများနေသလို တပ်သားတွေထွက်ပြေးမှုတွေနဲ့ ရင်ဆိုင်နေရကာ အထိနာလျက်ရှိနေတယ်လို့ သိရပါတယ်။
စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူ တစ်ဦးက “ သူတို့က ဒီဇင်ဘာလ ၁၁ ရက် မနက် ၉ နာရီမှာ ဂွမြို့ကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပင်လယ်ပြင်မှာ ရပ်နား ထားတဲ့ နေဗီတွေပေါ်ကလည်း လက်နက်ကြီးကျည်တွေနဲ့ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ နေဗီကဆိုရင် အများကြီးပစ်တယ်။ အကြိမ် ၄၀ လောက် ပစ်တယ်။ လေကြောင်းကနေလည်း ဗုံးကြဲတယ်။ ဒါပေမယ့် သူတို့ ကမ်းကို မကပ်နိုင်ခဲ့ဘူး” လို့ နိရဉ္စရာကို ပြောပါတယ်။
ဒါ့ပြင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းက သဲဖြူရွာ၊ မရမ်းကျင်းရွာ၊ သစ်ဝမ်းပူရွာ၊ သာပေါင်းလေးရွာဘက်တွေမှာလည်း တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့နေပြီး စစ်တပ်ဘက်က အထိအခိုက် အကျဆုံးများနေတယ်လို့ အထူးမှုခင်းတပ်ဖွဲ့- ပုသိမ်ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။