Breaking News-ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက် ခိုက်သဖြင့် တိုက်ပွဲများ ပြင်းထန်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၂၆



ချင်းပြည်နယ်၏မြို့တော်ဖြစ်သော ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်ဖြစ်သော CDF ဟားခါးက ဝင်ရောက်တိုက်ခိုက်သဖြင့် ယနေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှစတင်ပြီး ဟားခါးမြို့အနီးရှိ စစ်တပ်၏ အခြေစိုက်စခန်း ၅ ခုထက်မနည်းကို ချင်းတော်လှန်ရေးတပ်ဖြစ်သော CDF-ဟားခါးက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်တပ်စခန်းများတွင် မီးများလောင်ကျွမ်းနေကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက CDF-ဟားခါးထံသို့ ဆက်သွယ်မေးမြန်းရာ လက်ရှိအချိန်တွင် မည်သည့်သတင်းကိုမှ မဖြေကြားနိုင်သေးဘဲ ဖုန်းထပ်မံ မဆက်သွယ်ရန် ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။
ချင်းတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကမူ “ဟားခါးကို ဝင်တိုက်တာတော့ ဟုတ်တယ်။ လောလောဆယ် သိရသလောက်တော့ စစ်ဆင်ရေးနဲ့ ဝင်တိုက်တာလို့ပဲ သိထားတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းက ဖြေတာပိုကောင်းမယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လတ်တလော ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော သတင်းများအရ ချင်း ပြည် နယ်၊ ဟားခါးမြို့ရှိ ရုန်းတောင် (Rungtlang) စစ်တပ်စခန်း၊ ဟားခါးမြို့အနီးရှိ စစ်တပ်ဂိတ်စခန်းတချို့ အပါအဝင် ဟားခါး နေရာတချို့တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။
ဟားခါးမြို့က ခလရ(၂၆၆)ကို
ချင်းကာကွယ်ရေးတပ်တွေထိုးစစ်ဆင်
ဒီဇင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring
ဟားခါးမြို့မှာ ဒီနေ့ မနက်ပိုင်းမှ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၂၆၆)ခြေလျင်တပ်ရင်းကိုချင်းတော်လှန်ရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေလို့ ဒေသခံတွေ လေကြောင်းအန္တရာယ်သတိပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးပါတယ်။။
ဟားခါးမြို့က စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၆၆)အနီးမှာ မနက်၅နာရီခန့်ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး CDF-Hakhaနဲ့ ချင်းကာကွယ်ရေးရဲဘော်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မကွေးနဲ့ တံတားဦးလေတပ်ကနေတက်တဲ့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲနေတယ်လို့ သတင်းရရှိပါတယ်။
တိုက်ပွဲနဲ့ပတ်သက်လို့ CDF-ဟားခါးက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဒေသခံတွေလေကြောင်းအန္တရာယ်လုံခြုံရေးအတွက် အထူးသတိထားဖို့ကိုတော့ ချင်းကာကွယ်ရေးရဲဘော်တချို့က သီးခြားသတိပေးပါတယ်။
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး တောင်ကုန်းတစ်ခုပေါ်က မီးခိုးလုံးတွေ ထွက်နေတာကို တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာကို ဒေသခံအချို့တင်ထားတဲ့ ရုပ်သံမှတ်တမ်းမှာတွေ့ရပါတယ်။
တိုက်ပွဲသတင်းကိုမထုတ်ပြန်သေးပေမယ့် ပြီးခဲ့တဲ့ဒီဇင်ဘာလ၂၄ရက်မှာတော့ စစ်တပ်ရွေးကောကိပွဲနဲ့ပတ်သက်တဲ့သတိပေးချက်ကို CDF ဟားခါးက ကြေညာခဲ့ပါတယ်။စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဟားခါးမြို့ နယ် အတွင်း ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းခြင်း၊ဝယ်ယူခြင်းမပြုလုပ်ကြဖို့ အသိပေးထားတာဖြစ်ပါတယ်။
စစ်ကောင်စီက ဟားခါးမြို့မှာရွေးကောက်ပွဲလုပ်ဖို့ကြိုးစားနေပြီး ဒေသခံတွေအနေနဲ့ပူးပေါင်းပါဝင်ခြင်းမပြုကြဖို့နဲ့ ပူးပေါင်းပါဝင်သူတွေကိုအရေးယူမယ်လို့CDF Hakhaက သတိပေးထားပါတယ်။
စစ်တပ်ရွေးကောက်ပွဲရက်ပိုင်းအလိုမှာ မကွေးတိုင်း ၊စစ်ကိုင်းတိုင်း ၊မန္တလေးတိုင်း ၊ကချင်
ပြည်နယ် ၊ချင်းပြည်နယ်စတဲ့ဒေသတွေမှာ စစ်တပ်စခန်းတွေ၊တပ်ရင်းတွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်တာကို အရှိန်မြှင့်လိုက်တာတွေ့ရပါတယ် ။
ရုပ်သံ-ဒေသခံ