တနင်္သာရီတိုင်းတွင် NUG လက်အောက်ခံ တပ်တချို့ နှင့်တာဝန်ရှိသူများကို KNLA က ယာယီ ထိန်းသိမ်းမှုအတွက် ညှိနှိုင်း အဆင်ပြေသွားပြီဟု အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာမှူး ရဲဘော် စောဒါးကို (ခ) ကိုဘိတ် အသိပေး
🟥တော်လှန်ရေးတပ်များအကြား အနည်းငယ် နားလည်မှုလွဲရုံသာဖြစ်ပြီး စစ်အာဏာရှင်နှင့် စစ်လော်ဘီများ ဝမ်းမသာကြရန် သတိပေး
ရန်ကုန်၊ ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းတွင် NUG လက်အောက်ခံ တပ်တချို့ နှင့်တာဝန်ရှိသူများကို KNLA က ယာယီ ထိန်းသိမ်းမှုအတွက် ညှိနှိုင်း အဆင်ပြေသွားပြီဖြစ်ကြောင်း ဖမ်းဆီးခံခဲ့ရသော အထူးတိုင်းစစ်ဌာန နည်းဗျူဟာမှူး ရဲဘော် စောဒါးကို (ခ) ကိုဘိတ်က လူမှုကွန်ရက်မှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်သည်။
KNLA တာဝန်ရှိသူများနှင့် ညှိုနှိုင်းမှု အဆင်ပြေသွားပြီဖြစ်ကြောင်း အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ မှူး ရဲဘော် စောဒါးကို (ခ)ကို ကိုဘိတ်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ယနေ့ မွန်း လွဲပိုင်းတွင်အသိပေးထားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်း KNU တပ်မဟာ ၄ လက်အောက်ခံ သရက်ချောင်းမြို့နယ် အခြေစိုက် KNUတပ်ရင်း ၁၂ မှ ဖိုးသောကြာ/ထူးကပေါ် တို့ ဦးစီးသော တပ်ရင်းက NUG လက် အောက်ခံ အထူးတိုင်းစစ်ဌာန နည်း ဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ် ရင်း(T5) တပ် ရင်းမှူး မင်းသားကြီး၊ တနင်္သာရီတိုင်း စစ်ဌာန ဒရုန်းတပ်ရင်း ဒုတပ်ရင်းမှူး ဒိုရာ အပါ အ၀င် ရဲဘော် ၅၀ ဝန်းကျင်ကို လက်နက် ဖြုတ်သိမ်း၍ ဖမ်းဆီး ထိန်း သိမ်းခဲ့ကြောင်း သိရသည်။
“ကျနော်တို့ မဟာမိတ် KNLA တာဝန်ရှိလူကြီးတွေနဲ့ ညှိနှိုင်းမှု အဆင်ပြေပါတယ် မကြာခင် အထိန်း သိမ်းခံထားရတဲ့ ရဲဘော်တွေ အားလုံး လက်နက်နဲ့အတူ မိခင်တပ်ရင်းဆီပြန်ရောက်မှာပါ။ ကျနော်တို့ တော်လှန်ညီအကိုတွေ နားလည်မှုလွဲတာ အနည်း အကျဉ်း ပဲ ရှိပါတယ်။ ဒါကလည်း ပြသာနာမဟုတ် ပါဘူး ခင်ဗျား။ တော်လှန်မိဘပြည်သူများနှင့်ရဲ ဘော်ရဲဘက်များကိုကျေး ဇူးတင်ပါတယ်။ တစ်ခု ပြောချင် တာက စစ်အာဏာရှင်နဲ့ စစ်လော်ဘီတွေအရမ်းဝမ်းသာမနေပါနဲ့။ ခင်ဗျားတို့ကို ကျနော်တို့ မဟာ မိတ်တပ်ပေါင်းစုတွေ တစ်ဆုံးအထိ တိုက်မှာမပူပါနဲ့။” ဟု နည်းဗျူဟာ ၃၃ မှူး ရဲဘော် စောဒါးကို (ခ) ကိုဘိတ်က ပြောဆိုသည်။
ထိုသို့ ဖမ်းဆီးခံရခြင်းမှာ တနင်္သာရီတိုင်း စစ်ဌာန၊ တပ်ရင်း ၂ ရဲဘော်များနှင့် KNLA တပ်မဟာ ၄ တပ် ရင်း ၁၂ ၊ တပ်ခွဲ ၂ ရဲဘော်များ အချင်းများရာ စတင်ခဲ့ခြင်းဖြစ်ပြီး အမှတ် ၃၃ နည်းဗျူဟာမှူး ရဲဘော် စောဒါးကို (ခ) ကိုဘိတ်နှင့် တပ် ရင်းမှူး မင်းသားကြီးတို့မှာ စစ်ဆင်ရေးကိစ္စဖြင့် ပုံမှန် ခရီး သွားရာက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။