လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်းကို မိုင်းခွဲမှု ထိခိုက်မှုရှိနိုင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ ပိတောက်ချောင်းနယ်မြေရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ ရာ ထိ ခိုက် မှုရှိနိုင်ကြောင်း ရန် ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ အကြမ်း ဖက် မင်းအောင်လှိုင်လက် အောက် ခံ ပိတောက်ချောင်းနယ်မြေရဲစခန်းကို ရန်ကုန်မြို့ပြပြောက်ကျား ရဲဘော်များက ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအ ကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ထိခိုက်ဖို့ကတော့ ရာခိုင်နှုန်းများတယ်။ အတိအကျတော့ မသိရသေဘူး။ ရဲစခန်းနဲ့ အနီးကပ်ဆုံးမှာ မိုင်းတွေချထားပြီးတော့ ရခတွေ မနက်စောစော ကင်းထွက်ချိန် အချိန်ကိုက် ဖောက်ခွဲနိုင်ခဲ့တာပါ။ အဝေးထိန်းမိုင်း ၂ လုံးစလုံးလည်း အောင်အောင်မြင်မြင်ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲပြီးတော့ ရခ တွေယောက်ယက်ခတ်ကုန်တာ။ အစစ်အဆေးတွေလည်း တင်းကြပ်ခဲ့တယ်” ဟု ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင်(ပကဖ) ဦးဆောင်မှုဖြင့် ကြည့်မြင်တိုင်မြို့နယ် (ပကဖ) ၊ လသာမြို့ နယ် (ပကဖ) နှင့် Operation Flame (OF)တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြ ပြောက်ကျားရဲဘော်များ ဘေးကင်းစွာပြန်လည်ဆုတ် ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်လက်အောက်ခံ ဖက်ဆစ်စစ်တပ်နှင့် ပတ်သက်ဆက်နွယ်နေသော နေ ရာများ၊ ဖက်ဆစ်စစ်တပ်က ပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲနှင့် သက်ဆိုင်သောပစ်မှတ်များ ကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးရန် မေတ္တာရပ်ခံထားသည်။
“ပြည်သူတွေအနေနဲ့ တရားမဝင်ရွေးကောက်ပွဲကို ရတဲ့နည်းနဲ့ ဆန့်ကျင်ကြဖို့မှာ ချင်ပါတယ်။ ကျ နော်တို့ တွေနဲ့ မဟာမိတ် UG အဖွဲ့တွေလည်း တောက်လျှောက် တိုက်ခိုက်သွားဖို့ရှိတာကြောင့် သူတို့ နဲ့ ဝေးရာမှာ နေထိုင်ပေးကြဖို့ အသိပေးလိုပါတယ်” ဟု ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူက ပြောဆိုသည်။