သာကေတ capital လမ်းမကြီး မှာ လုပ်ရဲလိုက်တာ

ရန်ကုန်မြို့
သာကေတ Capital လမ်းမ ပေါ်မှာ လုပ်ရဲတာ နော်
ဒီနေ့ မနက် ၁၁ :၀၀ ခန့်က ညီမတယောက် ဖုန်းဆက်တယ်
သူ အမျိုးသား မူးယစ်ဆေး နဲ့ ဖမ်းမိလို့ သာကေတ ဝက်စု မှာ လာညှီဘို့ ခေါ်တယ် တဲ့
ဖုန်းက အဖမ်းခံရတဲ့ကောင်လေး ဖုန်းနဲ့ဘဲ ဆက်တာ
လာတွေ့မယ်ပြောတော့ သဘော်ကျင်း ကိုလာပါ တဲ့
နောက်တခါ ဖုန်းထပ်ဆက်တော့ သာကေတ Capital နားလာပါတဲ့
Capital နားရောက်တော့ ဘယ်နှစ်ရောက်လာတာလည်း
အကျီ ဘာဝတ်ထားလည်း မေးတယ်
မေးနေချိန် လူတယောက်က တဖက် ကားလမ်းမ က ကြည့်နေတာ တွေ့ရတယ်
အဲ့လိုမေးနေကတည်းက ရဲ မဟုတ်မှန်းသိတယ်
ဒါပေမဲ့ ကိုယ်လူက သူတို့လက်ထဲ မှာ ဖြစ်နေတော့
လူချင်းအတွေ့ခံလိုက်တယ်
လူချင်းတွေ့တော့ ဆယ်သိန်းတောင်းတယ်
စစ်မှူထမ်း ထည့်ရမလား မေးတယ်
ငါးသိန်း နဲ့ စစ်တော့ ဗိုလ်လေးကို ဖုန်းဆက်လိုက်အုံးမယ် ပြောပြီး ခပ်လှမ်းလှမ်းနား ထထွက်သွားပြီး ပြန်လာတယ် ခုနှစ်သိန်း ပေးပါ တဲ့ အမှုမဖွင့်ဘို့ မနည်း ပြောထားရပါတယ် တဲ့
ပိုက်ဆံ ရှာလိုက်အုံးမယ် ပြောပြီး ကိုယ်ဘက် က လူတွေ အကြောင်းကြားလိုက်တယ်
ကိုယ်လူ ခေါ်လာပြီး သူတို့ရောက်တာ နဲ့ တိုင်ဘို့ ပြင်ဆင်ထားတာ
ပိုက်ဆံရပြီ ခေါ်လာပေးတော့ ပြောလိုက်ရော ချိန်းထားတဲ့နေရာ မလာတော့ဘူး
လမ်းမ ကို ထွက်လာခိုင်းတယ် လူ မပါလို့ မေးတော့ ဟိုဘက်ခြမ်းမှာ လွှတ်ပေးမယ် တယောက်ထဲ လိုက်ခေါ်ပါ ခေါ်တယ် ပိုက်ဆံ တသိန်းလိုသေးတယ် ပြောလို့ Kpay ဆိုင်ရှာမယ် ပြောရင်း အချိန် ဆွဲနေတာ Kpay နံပါတ်တခုပေးပြီး တသိန်း လွှဲခိုင်းတယ် ငွေလည်းရရော ကိုယ် လူကို လမ်းမ မှာ ကျောခိုင်း ရပ်ခိုင်းထားတယ်
ဘယ်စခန်းက လည်း မေးတော့ တယောက်က ကျုပ်တို့က ဖမ်းတာ စခန်း ပြောစရာ လားတဲ့
တယောက်က မူးယစ် ၄၂ က တဲ့ လက်ထိပ်ပြတယ် ကျုပ်လည်း ရှေ့နေဘဲ ရဲ က အဲ့လိုမလုပ်ဘူး ပြောတော့ လက်ထဲက ငွေ ယူပြီး နောက်လှည့်မကြည့် ခပ်တည်တည်ဘဲ ရွှေဖူးမျှော်လမ်း ထဲ လျှောက်သွားတာ
အဖမ်းခံရပုံက ၄၂ ကား ပေါ် မှာပါ
သုဝဏ စျေး မီးပွိုင့် က လိုင်းကား ၄၂ ပေါ် တက်လာပြီး လက်ထိပ်ခတ် ကားပေါ်က ဆွဲချသွားတာ
Taxi ကားပေါ်တင်ပြီး ဖုန်းစစ် ကျောပိုးအိတ်စစ်တယ်
နိုင်ငံရေး လုပ်လား ဝန်ထမ်းရှိလား ဘာမှ မရှိလည်း ရှိအောင်လုပ်လို့ရတယ် ပြောတယ် လက်ထိပ်ခတ်ပြီး ဓါးနဲ့ထောက် ကားပတ်မောင်းတယ် Taxi 3 စီးပေါ် ပြောင်းပြီး ပတ်မောင်းနေတာ တဲ့
အိမ်ကိုအကြောင်းကြား တော့ ဆေးမိလို့ ဖမ်းထားကြောင်းပြောခိုင်းတယ်
လာတွေ့တဲ့ သူတွေ ဘာတော်လည်း မေးတယ်
ငါ့တို့ကားတွေ လူတွေ ပတ်ပတ်လည် ရှိတယ် ကားနဲ့ တိုက်သတ် လို့ရတယ် ဓါးထောက် မျိုးစုံခြိမ်းခြောက်တော့ ဘာမှ ပြန်မပြောနိုင်
ငွေငါးသိန်း ရမှ လူကို လမ်းမ မှာ ကျောခိုင်းရပ်ခိုင်းပြီးလွှတ်ပေးတယ်
ရန်ကုန်မြို့လယ်ခေါင်တောင် လူ အချင်းချင်း ဓါးပြ တိုက်စားနေပါလား Taxi တွေနဲ့ အုပ်စု ဖွဲ့လုပ်စားနေတာ
ပြည်သူများ သတိထားလို့ရအောင် တင်ခြင်း ဖြစ်ပါတယ်
Credit@ Tha zin