ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာ မဏိပူရမြစ်အနီး စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ၊ သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာ မဏိပူရမြစ်အနီး စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ၊ သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ
ရန်ကုန်၊ နိုဝင်ဘာ ၁၈
ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာရှိ မဏိပူရမြစ်အနီးတွင် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေးအတွက် ချင်းတပ်များအားလုံးပူးပေါင်း ညီညွတ်စွာဖြင့် ခုခံနေကြောင်း ချင်းညီနောင်ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီမှ ၁၀ နာရီဝန်းကျင်အထိ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အ ကွာ မဏိပူရမြစ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အထိနာပြီး ဂျက်ဖိုက်တာ ဖြင့် ၆ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့သည့် Y12 ၊ Y8 လေယာဉ်များဖြင့်လည်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနေ့က မနက်ပိုင်း ၈ နာရီခွဲ လောက်ကနေ ၁၀ နာရီဝန်းကျင်လောက်အထိ ထိတွေ့မှုတွေ ဖြစ်ပါ တယ်။ အခြေအနေကတော့ သူတို့ဘက်ကနေ နောက်မဆုတ်ဘူးဆိုရင်တော့ ဘယ်အချိန်မဆို ထိ တွေ့မှု၊ ပစ်ခတ်မှုတွေက ပြင်းထန်လာနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ မနေ့ကဆိုရင်လည်း ညနေ ပိုင်း ၂ နာရီခွဲလောက်ကနေ ၃ နာရီလောက်အထိ Y12 တွေရော၊ ထောက်လှမ်းတဲ့လေယာဉ် Y8 တို့ အဲဒါတွေ လာတယ်။ ဂျက်ဖိုက်တာနဲ့လည်း ၆ ကြိမ်လောက်လာပစ်ပါတယ်။ သူတို့ဘက်ကလည်း အထိနာတာ ရှိမယ်ထင်ပါတယ်။ ကျနော်တို့ဘက်ကလည်းအတတ်နိုင်ဆုံး နယ်မြေသိမ်းပြီးသားနယ် မြေတွေ ပြန်လက်လွှတ်အဆုံးရှုံမခံရအောင် ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ အနေအထားရှိပါတယ်။” ဟု ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတဆင့် ချင်းပြည်နယ်၊ ဖလမ်းမြို့ ဘက်သို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဝေဘူလမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း၊ ယင်းမှတဆင့် ဖလမ်းမြို့ဘက်သို့ ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသည်ရသည်။
အလားတူ သိုင်းငင်ကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကလည်း ဖလမ်း မြို့ ဘက်သို့ ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများရှိပြီး ယင်းအကြမ်းဖက်စစ်တပ်က စစ် ကြောင်းများကို ချင်းညီနောင်အဖွဲ့ – CB နှင့် ချင်းပြည်ကောင်စီ -CC တပ်ဖွဲ့ဝင်များက စည်းစည်း လုံး လုံးဖြင့် တိုက်ခိုက်ချေမှုန်းနေကြောင်း သိရသည်။
“အဓိကတော့ ဖလမ်းရဲ့ အရှေ့ဘက်မဏိပူရချောင်းရှိတယ်။ အဲဒီချောင်းရဲ့တဖက်ကမ်းမှာရှိတဲ့ ရွာ တွေမှာ ဖြစ်ဖြစ်၊ တောတွေထဲမှာဖြစ်ဖြစ် ခြေကုပ်ယူထားတယ်။ အဲဒီချောင်းကိုကျော်ပြီးမှ ကျနော်တို့ ဖလမ်းမြို့ထဲကို ထိုးစစ်ဆင်ဖို့ ကြိုးစားလာနေတာ၊ အဲဒီမဏိပူရမြစ်က ဖလမ်းကနေ ၁၂ မိုင်အထက် အကွာအဝေးရှိတဲ့ မြစ်ပါ။ အဲလိုဆိုတော့ တော်တော်နီးပြီလို့ပြောလို့ရပါတယ်။ မြေပြင်အခြေအနေမှာ ကျနော်တို့ CB ဘက် ကရဲဘော်တွေရှိသလို CC ဘက်က ရဲဘော်တွေလည်းရှိ တယ်။ အားလုံး ဘုံရန် သူ စကစကို စည်းစည်းလုံးလုံးနဲ့တိုက်ခိုက်နေတဲ့ အခြေ အနေဖြစ်ပါတယ်။” ဟု ချင်းညီနောင်ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ဒေသနေပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေရပြီး အရေးပေါ် အမိုးအကာများ၊ စောင်၊ အနွေးထည်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။
“ဖလမ်းရဲ့အရှေ့ဘက်ခြမ်းတခွင်လုံးက သိုင်ငင်းဘက်ကနေလည်း ထိုးစစ်ဆင်တယ်၊ ဝေဘူလဘက် က နေလည်း ထိုးစစ်ဆင်တဲ့အခါကျတော့ ပြည်သူတွေက ရွာတွေမှာ မနေရဲတော့ဘူး။ နောက်ပြီး တော့ ကလေး ဘက်ကနေ ထိုးစစ်ဆင်တဲ့အခါ ကနေ စလို့ ကလေးမှာရှိတဲ့ ရွာတွေမှာနေတဲ့ ပြည် သူတွေက တောင်ပေါ်မှာ စစ်ရှောင်ကြတယ်။ အဲဒီတောင်ပေါ်တွေကနေ ချင်းတောင်ဘက်ကို ထိုး စစ်ဆင် လာတဲ့အခါကျတော့ ပြည်သူက ရွှေ့ပြောင်း၊ ရွှေ့ပြောင်းပြီး စစ်ဘေးရှောင်နေကြရတာ။ စစ်ရှောင်က ၂ သောင်းကျော်ရှိပါတယ်။ အခုချိန်က ဆောင်းရာသီဆိုတော့ အမိုးအကာတွေလိုတယ်၊ စောင်တွေလိုတယ်၊ အစားအသောက်တွေ၊ ဆေးဝါးပစ္စည်းတွေလိုတယ်။” ဟု ဆလိုင်းတင်မီထွဋ်က ပြောဆိုသည်။