မောတောင်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၄၀ ကျော် ဖမ်းဆီးမိ (ရုပ်သံ)
နိုဝင်ဘာ ၁၅၊ ၂၀၂၅
တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၄၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံဖိုင်ကို CDM ဗိုလ်မှူး တင်လင်းအောင်က လူမှုကွန်ရက်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။
မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၄ ရက် မနေ့မှာ အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး၊ စစ်သုံ့ပန်းတွေအပြင် ၁၂၀ မမ လက်နက်ကြီး ၂လက်၊ ကျည် ၁၈၇ တောင့်၊ .5 စက်သေနတ် ၁လက်၊ ၆၀ မမ ၃လက်၊ RPG ၂လက်၊ ငါးကြင်းမြီး ၁လက်၊ လက်နက်ငယ် ၃၆လက်နဲ့ တခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။
Video-Tin Lin Aung
KNU တပ်မဟာ ၄ မောတောင်တိုက်ပွဲမှဖမ်းဆီးရမိသည့်စစ်သုံ့ပန်းများ (ရုပ်သံ)
Salween Press
နို၀င်ဘာလ ၁၅ ရက်နေ့ ၂၀၂၅
ထိုင်း-မြန်မာနယ်စပ်ရှိ KNU တပ်မဟာ ၄ နယ်မြေမှ မောတောင်မြို့တိုက်ပွဲအတွင်းတွင် တော်လှန်ရေးပူး ပေါင်းတပ်များမှ စစ်ကောင်စီတပ်သား ၄၀ ကျော်ဖမ်းဆည်းရမိခဲ့သည်။ အဆိုပါစစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်သည်။
(Video – Supplied)