တနင်္သာရီတိုင်းအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တရားဝင် သိမ်းပိုက်ရရှိကြောင်း ကြေညာ၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိပြီး ၁၂၀ မမ လက်နက်ကြီး အမြောက် ၂ လက် အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

တနင်္သာရီတိုင်းအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တရားဝင် သိမ်းပိုက်ရရှိကြောင်း ကြေညာ၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိပြီး ၁၂၀ မမ လက်နက်ကြီး အမြောက် ၂ လက် အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်းအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တရားဝင် သိမ်းပိုက်ရရှိကြောင်း ကြေညာလိုက်ပြီး စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိပြီး ၁၂၀ မမ လက်နက်ကြီး အမြောက် ၂ လက် အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း Force for Federal Democracy – FFDက သတင်းထုတ်ပြန်သည်။
မောတောင်မြို့သိမ်းတိုက်ပွဲမှာ တိုက်ပွဲကာလမှာ ၃ ရက်ခန့်သာကြာမြင့်ခဲ့ပြီး KNU/KNLA ဦးဆောင်မှုနှင့်အတူ မောတောင်မြို့သိမ်းတိုက်ပွဲကို KNLA တပ်မဟာ ၄ မှ တပ်ရင်း ၂၀၃၊တပ်ရင်း ၁၁ ၊KNDOတပ်ရင်း ၇ ၊ တပ်ရင်း ၁၂၊ BPLA ၊ FFD တို့က ပါဝင်ပူးပေါင်းသိမ်းပိုက်ခဲ့ကြောင်း ၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပြီး ၁၂၀ မမ အမြောက် ၂ လက် ၊ ၁၂၀ မမ လက်နက်ကြီး ကျည် ၁၈၇ တောင့် ၊ .5 စက်သေနတ် ၁လက် ၊ ၆၀ မမ ၃ လက် ၊ RPG ၂လက်၊ ငါးကြင်းမှီး ၁ လက်၊လက်နက်ငယ် ၃၆ လက် နှင့်အခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
မောတောင်မြို့မှာ စစ်‌ကောင်စီ၏ ကုန်သွယ်စီးဆင်းမှု၌ အရေးပါသော တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်ပြီး စစ်တပ်ဘက်မှ အနည်းဆုံး အင်အား ၅၀ ကျော်မှာ ထိုင်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိတွင် ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော မြန်မာစစ်သားများထံမှ လက်နက်များ သိမ်းယူပြီး ခိုလှုံခွင့် ပေးထားကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။