■Breaking News ကန့်ဘလူနဲ့ ခင်ဦးမှာ ​တော်လှန်​ရေးတပ်​တွေတိုက်လို့ စစ်တပ်စစ်​ကြောင်းပျက် ■စစ်​တပ်ဗျူဟာမှူး​သေပြီး စစ်သုံ့ပန်းအများအပြားဖမ်းဆီးရရှိဟု PDF အချို့​ပြော

■Breaking News
ကန့်ဘလူနဲ့ ခင်ဦးမှာ ​တော်လှန်​ရေးတပ်​တွေတိုက်လို့ စစ်တပ်စစ်​ကြောင်းပျက်
■စစ်​တပ်ဗျူဟာမှူး​သေပြီး စစ်သုံ့ပန်းအများအပြားဖမ်းဆီးရရှိဟု PDF အချို့​ပြော
နိုဝင်ဘာ ၁၂၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူ နဲ့ ခင်ဦး မြို့နယ်မှာ စစ်
တပ်စစ်ကြောင်းပျက်တဲ့အထိ တိုက်ခံရပြီး တပ်မ ၃၃ ဗျူဟာမှူး အလောင်း နဲ့ စစ်ကောင်စီတပ်သားတွေ အများအပြားအရှင်ဖမ်းမိတယ်လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်အချို့ကလူ
ထုနွေဦးကို ပြောပါတယ်။
ဒီကနေ့(နိုဝင်ဘာ ၁၂ ရက်)ကကန့်ဘလူမြို့နယ် ယင်းတိုက်ရွာ နဲ့ ခင်ဦး မြို့နယ် ရှားတော ရွာကြား မှာ စစ်တပ်စစ်ကြောင်းကို PDF ၊ ပကဖ​ အပါအ
ဝင်​တော်လှန်​ရေးတပ်တွေက ကြားဖြတ်တိုက်ခံရတာ လို့ သတင်းရရှိပါတယ်။
“လက်နက် ၂၀ ကျော်နဲ့အရှင်တွေလည်းမိထားတယ်။တပ်မ ၃၃ ဗျူဟာမှူးပါအသေရတယ်ပြောတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်စစ်ကြောင်းပျက်ပြီး လက်နက်ခဲယမ်း တွေရတာကို ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးက အတည်ပြုပါတယ်။
စစ်တပ်စစ်ကြောင်းကနေ ၁၂ ဦး အရှင်မိပြီး လက်
နက် ၂၇ လက် ရတယ် လို့ ကန့်ဘလူခရိုင် တပ်ရင်း ၃ တာဝန်ရှိသူတစ်ဦးက People’s Spring ကို အတည်ပြုပါတယ်။
အခြား​တော်လှန်​ရေးရဲ​ဘော်တစ်ဦးက လည်းစစ်တပ်စစ်​ကြောင်းဟာ​သေဆုံး ဒဏ်ရာရသူ၊အဖမ်းခံရသူ များပြားပြီး စစ်​ကြောင်း တစ်​ကြောင်းလုံးမှာ ၂၀ ​ခန့်သာ စခန်းချရာ​နေရာပြန်​ရောက်တယ်လို့​ပြောပါတယ် ။
စစ်တပ်ဝါဒဖြန့် တယ်လီဂရန်အချို့မှာလည်း ​ကန့်ဘလူနယ်မှာစစ်​ကြောင်းတစ်ခုအဝိုင်းခံရတယ်လို့​ရေးသားထားကြပါတယ် ။ကန့်ဘလူ ၊ဇီးကုန်း ၊ခင်ဦးနယ်မှာ PDF ​တွေအား​ကောင်းပြီး စစ်တပ်ကအကြိမ်ကြိမ်ခံ​နေရတာမို့ နယ်​မြေရှင်းလင်းဖို့လို​နေပြီဆိုပြီး စစ်တပ်ဝါဒဖြန့်အ​ကောင့်​တွေက​ရေးသားထားတာကို​တွေ့ရပါတယ် ။နမခ နယ်ထဲ PDF ​တွေအလုံးအရင်းနဲ့​ရောက်​နေပြီး စစ်တပ်ကစစ်​ကြောင်း​တွေကလိုက်လံရှင်းလင်း​နေတယ်လို့ ဝါဒဖြန့်​နေကြပါတယ် ။
သေဆုံးထိခိုက်တာတွေ များခဲ့လို့ စစ်တပ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ Gyrocopterသုံးစီးနဲ့ ဒီကနေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တပါတယ်။
နိုဝင်ဘာ ၁၁ ရက်ကစပြီး ကန့်ဘလူ နဲ့ ရေဦး မြို့
နယ်ဘက်ကနေ ခင်ဦးမြို့နယ်ကို စစ်တပ်က နှစ်ဖက်ညှပ်စစ်ကြောင်း ထိုးလာတာဖြစ်ပါတယ်။
ခင်ဦးနယ် အနောက်မြောက်ခြမ်းက ကျေးရွာတွေကို ကန့်ဘလူနယ်ဘက်က အင်အား ၁၀၀ ကျော်ပါတဲ့စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်း နဲ့ ရေဦးမြို့က ​နေ မူးမြစ်ကူးကာ တက်လာတဲ့အင် အား ၈၀
ဝန်းကျင်ပါစစ်​ကြောင်းတို့က တစ်ပြိုက်တည်း စစ် ကြောင်း ထိုးလာတာလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန် ကြားရေး က ထုတ်ပြန်ထားပါတယ်။
အဲဒါကြောင့် ငါးရုံကြီး၊ရှားတော၊ကျောက်တိုင်၊ကျီစု၊မုံလှ၊သာဝတ္ထိ၊မြင်းကျ၊သရက်တော၊ကင်းပြစ်၊မန်ကျီးအုပ်၊ ယာတော်၊ မြင်းဒေါင်း၊သရက်ပင်ပင်စု၊သက်သာပန်းတောင်းကျေးရွာတွေက ပြည်သူ ငါးထောင်ကျော်ထွက်ပြေးနေရတယ်လို့ အသိပေးပါတယ်။
စစ်တပ်က စစ်ကိုင်းတိုင်းထဲက ဗျူဟာလမ်းတွေ၊မိန်းလမ်းကြောတွေနဲ့ တော်လှန်ရေးအင်အား စုထိန်းချုပ်တဲ့ နေရာတွေကို စိုးမိုးဖို့ ကြိုးစားနေပြီး သြဂုတ်လက ကန့်ဘလူမြို့နယ်က ​ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို ပြန်ထိန်းချုပ်ခဲ့ပါတယ်။
ဒါ့ပေမယ့် ခင်ဦးမြို့နယ်က လမ်းပိုင်းကို ဆက် ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးခဲ့ပေမယ့် တော်လှမ်ရေးအင်အားစုတွေကစစ်ကြောင်းပျက်တဲ့အထိ တိုက် ခိုက်နိုင်ခဲ့ပါတယ်။
စက်တင်ဘာ ၂၂ ရက်က ခင်ဦး-ရွှေဘိုလမ်းပိုင်းတိုက်ပွဲမှာဒုဗိုလ်မှူးကြီးအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့ပြီး လက်နက်တွေနဲ့ စစ်သုံ့ပန်းအချို့ပါ သိမ်းဆည်းရရှိခဲ့လို့သက်
ဆိုင်ရာတပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။
(၂၀၂၅ စက်တင်ဘာ ၂၂ ရက်မှာခင်ဦးမြို့နယ်မှာ စစ်တပ် စစ်​ကြောင်းကို ​တော်လှန်​ရေးတပ်များကတိုက်ခိုက်ပြီး လက်နက်ခဲယမ်းနဲ့စစ်သုံ့ပန်းများဖမ်းဆီးရရှိခဲ့ရာ ​တော်လှန်​ရေးတပ်​တွေက မှတ်တမ်းဓါတ်ပုံရိုက်ကူးစဥ်။​ဓါတ်ပုံ-ခင်ဦးပကဖ)