စစ်တပ် မြို့တော် ပြင်ဦးလွင်မြို့လယ်ခေါင်တွင် ရွှေဆိုင် ဓားပြတိုက်မှု ပစ် ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ဓားပြ ၁ ဦးကို လက်နက်နှင့်အတူ ဖမ်း ဆီးရရှိ (ရုပ်/သံ)

စစ်တပ် မြို့တော် ပြင်ဦးလွင်မြို့လယ်ခေါင်တွင် ရွှေဆိုင် ဓားပြတိုက်မှု ပစ် ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ ဓားပြ ၁ ဦးကို လက်နက်နှင့်အတူ ဖမ်း ဆီးရရှိ (ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၁၂

အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ်များ အခြေစိုက် ပြင်ဦးလွင်တွင် ရွှေဆိုင် ဓားပြတိုက်မှု ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံး ကာ ဓားပြတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။
ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပြင်ဦးလွင်မြို့လယ်ခေါင် ၊ ရပ်ကွက်ကြီး ၅ ၊ နာရီစင်အနီးရှိ အောင်စံပယ်ရွှေဆိုင်ကို ဆိုင်ဖွင့်ရန် ပြင်ဆင်နေစဉ် သေ နတ်သမား ၂ ဦးက ဝင်ရောက်လာပြီး ဓားပြတိုက်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ် ကြောင်း၊ ရုန်းရင်းဆန်ခတ်မှုအတွင်း ပစ်ခတ်မှု ဖြစ်ပြီး ဆိုင် ဝန်ထမ်း ဦးစိန်ဝင်း သေဆုံးကြောင်း၊ ယင်းနောက် အနီးအနားရှိ ပြည်သူများ ၀ိုင်းဝန်း ဖမ်းဆီးရာမှ ဓားပြတိုက် သေနတ်သမား ၁ ဦးကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
“ဆိုင်ကယ်နဲ့လာပြီး ဆိုင်ကယ်နဲ့ ပြေးဖို့ပြင်တာ။ ဆိုင်ထဲမှာ ရုန်းရင်းဆန်ခတ်နဲ့ ပစ်ခတ်မှုဖြစ်တယ်။ ၁ ဦးသေတယ်။ ဆိုင်က အမျိုးသမီးလည်း ဒဏ်ရာရတယ်။ အခုတော့ ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်နေကြတယ်” ဟု ပြင်ဦးလွင်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိ ဖမ်းဆီးရရှိထားသော တရားခံ ဓားပြ ၁ ဦးမှာ အောင်မျိုးနိုင် (အသက် ၃ဝနှစ်) (ဘ) ဦးတစ်ပေါင်း ဖြစ်ပြီး ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်မှ ဖြစ် ကြောင်း၊ လွတ်မြောက်သွားသူမှာ မျိုးကြီးဖြစ်ပြီး မန္တလေး၊ မြရည်နန္ဒာရပ်ကွက်မှ ဖြစ်ကြောင်း သိရှိရသည်။