စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသော ပြေတီဦး၊ အိန္ဒြာကျော်ဇင် အပါအဝင် သရုပ်ဆောင်များကို စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲထောက်ခံသော လှုပ်ရှားမှုများတွင် ပါဝင်ခိုင်းပြန်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသော ပြေတီဦး၊ အိန္ဒြာကျော်ဇင် အပါအဝင် သရုပ်ဆောင်များကို စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲထောက်ခံသော လှုပ်ရှားမှုများတွင် ပါဝင်ခိုင်းပြန်
ရန်ကုန်၊ နိုဝင်ဘာ ၁၂

အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသော ပြေတီဦး၊ အိန္ဒြာကျော်ဇင် အပါအဝင် သရုပ်ဆောင်များကို စစ်တပ်၏ အတု အယောင် ရွေးကောက်ပွဲအတွက် မဲပေးရေး နှင့် ထောက်ခံပါဝင်ရေး လှုပ် ရှားမှုများတွင် ပါဝင်ခိုင်းပြန်သည်။
နိုဝင်ဘာ ၅ ရက်မှ စတင်ပြီး ရန်ကုန်မြို့တွင် စစ်တပ်က သရုပ်ဆောင်များ၊ အနုပညာရှင်များကိုအတင်းအကျပ် ဖိအားပေး၍ ရွေးကောက်ပွဲထောက်ခံ မဲပေးလှုပ်ရှားမှုများတွင် ရိုက်ကူးခိုင်းနေခြင်းဖြစ်ပြီး ယင်းလှုပ်ရှားမှုများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြခဲ့သော ပြေတီဦး၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင် အပါအဝင် မင်းသား၊ မင်းသမီးများကို စစ်တပ်က ပါဝင်သရုပ် ဆောင်ခိုင်းထားသည်။
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ထောက်ခံသော လှုပ်ရှားမှုများတွင် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ရွှေထူး၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ အလင်းရောင်၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထူးအောင်၊ အကယ် ဒမီ ထွန်းအိန္ဒြာဗိုလ်၊အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ ချောရတနာ၊ အကယ်ဒမီ အေးမြတ်သူ၊ အကယ်ဒမီ ရွှေမှုန်ရတီ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သဉ္ဇာဝင့်ကျော်၊ ဖူးစုံ၊ နော်ဖောအယ်ထား၊ ဆောင်းဝတ်ရည်မေ၊ မေပန်းချီ၊ သဲစုညိမ်း၊ မေမီကိုကိုနှင့် ရွှေသမီးတို့ကို ပါဝင် ရိုက်ကူးစေခြင်းဖြစ်သည်။
“အသုတ်လိုက် ၊ အသုတ်လိုက် သူတို့ ရိုက်ကူးရေးတွေ လုပ်ခိုင်းနေတာ။ ပေါ်လစီ ဇာတ်လမ်းတွေလည်း အခု တောက် လျှောက် ရိုက်ခိုင်းနေတယ်။ လူမင်းတို့က ဒါရိုက်တာအဖြစ် ပါဝင်ပြီး လုပ်ပေးနေရတယ်။ အဲဒီဇာတ်လမ်းတွေလည်း မကြာမီ လွှင့်မယ်လို့ သိရတယ်” ဟု အနုပညာအသိုင်းအဝိုင်းက ပြောဆိုသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ချုပ်အေးကြွယ်က ရန်ကုန်မြို့ရှိ ရုပ်ရှင်လုပ်ငန်းရုံးတွင် ရုပ်ရှင်အသိုင်းအ၀ိုင်းကို ခေါ်ယူတွေ့ဆုံပြီး လာမည့် ရွေး ကောက် ပွဲအတွက် စစ်တပ်က ပြုလုပ်မည့် ဝါဒဖြန့် အလိမ်အညာ စည်းရုံးရေးများတွင် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက်လာသော အနုပညာရှင်၊ သရုပ်ဆောင်များပါ မကျန် ပါဝင်ရမည်ဖြစ်ကြောင်း အကယ်၍ ငြင်းဆန်လျှင် အထက်အမိန့်အရ အရေး ယူမည်ဟု ဖိအားပေးပြောဆိုခဲ့ပြီးနောက် ယင်းကဲ့သို့ စစ်တပ်၏ ဝါဒဖြန့်လှုပ်ရှားမှုများတွင် ပါဝင်လာရခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က ထုတ်လွှင့်ပြသခဲ့သော “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေး ကောက်ပွဲဆိုင်ရာ အလိမ် အညာဝါဒဖြန့် ဇာတ်လမ်းကို လူမှုကွန်ရက်မှတစ် ဆင့် ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့ သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ် ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် ၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ရုပ်ရှင်ဒါရိုက်တာသက်လွင်(ခ) ဇမ္ဗူထွန်းသက်လွင် တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး ရွေး ကောက်ပွဲ နှောင့်ယှက်သူများ ဥပဒေဖြင့် အမှုဖွင့်ထားသည်။