ပျဉ်းမနားတွင် ရွှေဆိုင်ကို သေနတ်အတုဖြင့် ဓားပြတိုက်သူ ၂ ဦးကို ပြည်သူများ ဖမ်းမိ (ရုပ်/သံ)
နိုဝင်ဘာ ၁၁၊ ၂၀၂၅
နေပြည်တော်နယ်မြေ ပျဉ်းမနားမြို့မှာ ရောင်နီဦးရွှေဆိုင်ကို သေနတ်အတုနဲ့ ဓားပြတိုက်သူ ၃ ယောက်ကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရာ ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ ရောင်နီဦးရွှေဆိုင်ကို mask တပ်ထားတဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ရောက်ရှိလာပြီး သေနတ်အတုပြကာ ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်စဉ် ဆိုင်ရှင်အမျိုးသမီးက ပြန်လည်ခုခံတဲ့အတွက် လုယက်သူတွေ ထွက်ပြေးချိန် ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဝိုင်းဝန်းဖမ်းဆီးရာမှာ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို ဖမ်းမိခဲ့ပြီး ၁ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
လုယက်မှုဖြစ်စဉ် CCTV ဖိုင်ကို yaungnioofamily3 Tiktok အကောင့်ကနေ ”မနက်ဆိုင်ဖွင့်ဖွင့်ချင်း လုယက်မှုဖြစ်ခဲ့တာပါ”လို့ ရေးသားကာ မျှဝေခဲ့ပါတယ်။
Video-yaungnioofamily3