မိမိဒေသတစ်ခုတည်းလွတ်မြောက်ရေးထက် ပြည်ထောင်စုတစ်ဝန်းလုံး လွတ်မြောက်ရေးကို မဖြစ်မနေ ထည့်သွင်း စဉ်းစားလုပ် ကိုင်ကြရန် NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၀
အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော တပ်ဖွဲ့များအားလုံးအနေဖြင့် မိမိဒေသတစ်ခုတည်းလွတ်မြောက်ရေးထက် ပြည်ထောင်စုတစ်ဝန်းလုံး လွတ်မြောက်ရေးကို မဖြစ် မနေထည့်သွင်းစဉ်းစား လုပ်ကိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်း ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ရန်ကုန်လွှတ်တော် ဒသမအကြိမ်မြောက် အစည်းအဝေး အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
နွေဦးတော်လှန်ရေးခရီးသည် ၅ နှစ်ထဲသို့ ရောက်ရှိလာပြီဖြစ်ပြီး တော်လှန်ရေးအဆုံးသတ်ပန်းတိုင် သည်လည်း နီးကပ်လာပြီဖြစ်ကြောင်း၊ ထို့ကြောင့် အောင်ပွဲနီးလေလေ အခက်အခဲတွေ့လေလေဖြစ် ပြီး အရည်အချင်းများလည်း တိုးတက်လာပြီဖြစ် ကြောင်း၊ တော်လှန်ပြည်သူများ၏ မှန်ကန်တည့်မတ် သည့် အရည်အချင်းစစ်စစ်များကို အသုံးပြုကာ တော်လှန်ရေး ခရီးအဆုံးအထိ ရှေ့ဆက်ကြရမည် ဖြစ်ကြောင်း အသိပေးထားသည်။
“ခရီးဆုံး မရောက်သေးခင် ကာလမှာတော့ ဘက်စုံ၊ ထောင့်စုံကနေ တိုက်ပွဲဝင်ရင်း မိမိတို့ဒေသ တခု တည်း လွတ်မြောက်ရေးထက် ပြည်ထောင်စုတဝှမ်းလုံး လွတ်မြောက်ရေးကိုလည်း မဖြစ်မနေ ထည့် သွင်း စဉ်းစားလုပ်ကိုင် ဆောင်ရွက်ကြဖို့ လိုပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ ဆိုတာဟာ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင် ဖြုတ်ချနိုင်မှ ဖြစ်ပါမယ်။ ပြည်ထောင်စုရဲ့ မည်သည့် အရပ်ဒေသ၌မဆို မြန်မာနိုင်ငံနယ်နိမိတ်အတွင်း အကြမ်းဖက်စစ်အာဏာရှင်နဲ့ အာဏာရှင်မျိုးဆက် တွေမရှိတော့မယ့် အခြေအနေမျိုးရောက်မှ ဒီမိုကရေစီအနှစ်သာရ နဲ့ ဖက်ဒရယ်စနစ်ကို အပြည့် အဝ အကောင် အထည်ဖော် နိုင်မှာဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြော ဆိုသည်။
ထို့ကြောင့် နိုင်ငံရေး၊ သံတမန်ရေး၊ ဘဏ္ဍာရေး စစ်မျက်နှာများတွင် အောင်မြင်မှုရရှိအောင် ဆောင် ရွက်နေကြသည့်အပြင် စစ်ရေးတွင်လည်း အရှိန်အဟုန်မြှင့်တင်ကာ တော်လှန်ရေးရဲဘော်များက ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကြိုးစားနေကြောင်း ဝန်ကြီးချုပ်က အသိပေး ပြောဆိုသည်။