ကော့ကရိတ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ပြားကာ သေဆုံးစစ်သား အလောင်းများကို ဖြစ်သလို စွန့်ပစ်ထား

ကော့ကရိတ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ပြားကာ သေဆုံးစစ်သား အလောင်းများကို ဖြစ်သလို စွန့်ပစ်ထား
ရန်ကုန်၊ နိုဝင်ဘာ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ထိ ခိုက် သေဆုံးမှုများပြားကာ သေဆုံးစစ်သားအလောင်းများကို ဖြစ်သလိုစွန့်ပစ် မြှုပ်နှံထားကြောင်း ကရင် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်မြောက်ပိုင်း၊ ထီဖိုးစံကျေးရွာနှင့် ကွီ မောင်တိုင်ကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက် ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း၊ အလားတူ မိဖာလဲ လမ်းဆုံဘက်သို့ တက်လာသော အကြမ်းဖက်စစ်သားများကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ယမန်နေ့ တစ်မနက်ခင်းတစ်ပိုင်းလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ အထိနာခဲ့ကြောင်း သိရသည်။
“နိုဝင်ဘာ ၆ ရက်က ထီဖိုးစံ နဲ့ ကွီမောင်တိုင်မှာ ထိပ်တိုက်တိုက်ပွဲဖြစ်တယ်။ မိဖာလဲ လမ်းဆုံ တက် လာတဲ့ စခတွေလည်း အစုလိုက်၊ အပြုံလိုက် အထိနာတာ အကြိမ်ရေ မနည်းတော့ဘူး အခုလည်း တ မနက်လုံးပစ်နေတာ၊ အခုအချိန်ထိပစ်နေတုန်းပါ။ နိုဝင်ဘာလ ၁ ရက်နေ့ က သေတာက စခ ၈ ကောင် မဟုတ်ဘူး ၊ ၁၆ ကောင် သေတာ အလောင်းက သူများအိမ်တွေကြား ဖြစ်သလို မြှုပ်ခဲ့လို့ ပုတ်တော့ ခွေးတွေက ဆွဲဖော်စား နေတယ်၊ အရာရှိလည်း အဲ့လိုပဲမြှုပ်တယ်။ အဲ့ဒါမှ တကယ့် ခွေးသေမြှုပ်သလိုပဲ။ သူ့လူတောင် သူ တန်ဖိုးမထားဘူး လောလောဆယ်ပုံမရသေးဘူး။ အရာရှိသေတဲ့ အလောင်းတွေ ပုပ်ပြီး ခွေးတွေ စားနေတယ်” ဟု KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦး အပါအဝင် စစ်သား ၃၀ ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရ စစ်သားများကို တောင်ကလေးတပ်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထို့အပြင် တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်သားအလောင်းများကိုလည်း ပြည်သူလူထုနေထိုင်ရာ အိမ်ကြိုအိမ် ကြား ထဲတွင် ဖြစ်သလို‌ မြေမြှုပ်ပစ်ခဲ့သဖြင့် ခွေးများက ဖော် စားနေခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ညနေပိုင်းတွင် ဖားအံမြို့အခြေစိုက် တပ်မ ၂၂ မှ စစ်သားများ၊ ကြာ အင်းဆိပ်ကြီး မြို့နယ်၊ ပေါ်တော်မူတောင်ပေါ်၌ တပ်စွဲထားသော DKBA ဗိုလ်ဘိအဖွဲ့များပူးပေါင်း အင်အား ၁၀၀ ကျော်သည် ကျုံဒိုးမြို့သို့ ရောက်ရှိလာပြီး ယင်းမှတဆင့် ကော့ကရိတ်မြို့နယ်၊ ထီဖိုးစံ ကျေးရွာ ဘက်သို့ ဆက်လက်ပို့ဆောင်ထားကြောင်း သိရသည်။
“ဖားအံ တပ်မ ၂၂ က စစ်သားသစ်တွေ၊ ကြာအင်းပေါ်တော်မူဘက်က DKBA ဗိုလ်ဘိ အဖွဲ့တွေ အင် အား ၁၀၀ ကျော် ညနေပိုင်းမှာ ကျုံဒိုးကို ရောက်လာတယ်။ ကော့ကရိတ်ကို ဆက်ပို့မယ်လို့ သိရ တယ်။ နိုဝင်ဘာ ၁ ရက်နေ့ ၅ ရက်အတွင်း စစ်တပ်ဘက်က အရာရှိ ၂‌ ယောက် အပါ လူ ၃၀ ကျော် ကျဆုံးတယ်။ ၁၅ ယောက် ဒန်းစီး တောင်က လေး တပ် ဆေးရုံကို ပို့တယ်။ မနေညက တောင်က လေး ဆေးရုံကို BGFကား တွေ နာကူကားတွေနဲ့ မိုင်းထိလူနာတွေကို လာပို့တယ်” ဟု ကရင် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေရာတွင် အဓိကအားဖြင့် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့ဆုံးမှထား၍ တိုက်ခိုက်လျက်ရှိကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဓာတ်ပုံ- KNLA တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသော စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)